လမ်းမကျယ်တစ်လျှောက်...ကားတို့က...ချောင်ချောင်ချိ
ချိ...ပြေးလွှားနေကြရဲ့...ထိုအထဲတွင်...အနက်ရောင် စတစ်ကာကပ် Celebirityတို့ စီးလေ့ရှိသော......တန်ဖိုးကြီးကားတစ်စီးလည်း...အပြိုင်
အဆိုင် တစ်လျှပ်လျှပ် ပြေးလွှားကာ ဝင်ရောက်ပါဝင်နေသည်လေ...ရုံးချိန်မဟုတ်တာဘဲ...တော်သေးတယ်...ပြောရမလား...
မဟုတ်ရင်...ကျွန်တော်...ဒီနေရာမှာ...အားလုံးကို...
တက်ကြိတ်ပစ်ချင်စိတ် ပေါ်လာမှာ...သေချာတယ်...တစ်နေရာက...တစ်နေရာသွားဖို့...အဓိပ္ပာယ်မဲ့...
အောင့်အီးသည်းခံ စောင့်ဆိုင်းနေရတာမျိုးကို... မုန်းတယ်......Trafficတွေမှာ...ဘီးတစ်ဘီးချင်းလိမ့်ဖို့
လီဗာကို ဖြည်းဖြည်းနင်းပြီး...ရှေ့တိုးရတာမျိုးဆို...ပိုဆိုး...
အသည်းထဲကကို...ယားတက်လာတတ်တယ်...
နင်းပြီဆို တစ်ဆုံး နင်းပြီး...ဝူးကနဲ မောင်းထွက်လိုက်ရမှ...
မဟုတ်ရင်...ရှေ့မှာ ရှိနေတဲ့ကားတွေကို...
ဆင့်ကာဆက်ကာ...ဝင်ကြုံးပစ်ချင်တာ...စိတ်ကိုက...ထန်တယ်ပဲ...ဆိုရမလား ဒါကြောင့်လည်း...ကားမောင်းတဲ့အခါတိုင်း...
Hunနဲ့...Chenက...ကျွန်တော့်ကို သိပ်ပြီး ပေးမမောင်းချင်...ဟင်း...အခုတော့လည်း...ကိုယ်တိုင်ပဲ မောင်းရတာပါပဲ...
လူတွေက...ခက်သားပဲနော်...
အမြဲတမ်းတော့...ဘေးနားမရှိပေးနိုင်ဘဲ...သူတို့ပဲ
အမြဲ လုပ်ပေးတော့မယောင်...
ဟိုဟာမလုပ်နဲ့...ဒီဟာမလုပ်နဲ့...ဆိုပြီး...စိုးရိမ်သယောင် တားဟဲ့ ဆီးဟဲ့ ဘဝထဲ နေရာပေးမိအောင်...
လောကွတ်...ပြုတတ်ကြသေးတယ်..."မုန်းဖို့ကောင်းတယ်...... "
လွန်ခဲ့တဲ့...လေးဆယ့်ရှစ်နာရီကို...ဘယ်လို သည်းခံနိုင်စွမ်းတွေနဲ့...မကုန်ကုန်အောင်... ဖြတ်သန်း အချိန်ဖြုန်း ခဲ့လဲ...ကျွန်တော်...မသေချာတော့...
တစ်ခါတစ်လေလည်း...သူ့ပေါင်ပေါ် ခေါင်းအုံးရင်း...
တစ်ခါတစ်လေလည်း...သူ့ကို...အကြောင်းပြချက်မဲ့...
ဆူဆဲမာန်မဲရင်း...
တစ်ခါတစ်လေလည်း...ချောင်ကပ်...သောက်ခွင့်မရှိတဲ့...ဆေးလိပ်ကို...အာသာငမ်းတက်...တောင့်တမိရင်း...
တစ်ခါတစ်လေလည်း...အိပ်ပျော်နေတဲ့...သူ့မျက်နှာကို ခပ်ငေးငေးကြည့်ရင်း...
တစ်ခါတစ်လေဟူသော...အခိုက်အတန့်ပေါင်းများစွာကို...ထပ်ခါတလဲ...ပြုလုပ်...ရေငုံနှုတ်ပိတ်ကာ အချိန်တွေ ကုန်ဆုံးစေခဲ့တယ်...ထင်ပါရဲ့...

YOU ARE READING
TRAP
Fanfictionဟင့်အင်း~ ဘယ်ဟာက...အရင်စတင်ခဲ့သလဲ ကျွန်တော် မသိဘူး~သေချာတာက ကျွန်တော်တို့နှစ်ယောက် ထောင်ချောက်တစ်ခုထဲ ပိတ်မိရင်း... ကိုယ်တိုက်တဲ့ကျိန်စာ~ကိုယ်စီ ပြန်စူးခဲ့ကြတယ်