Your...Cruel

10.7K 1.2K 56
                                    

ရွေးချယ်မှုတစ်ခုဟာ...ဆုံးဖြတ်ချက်ရဲ့နောက်မှ...
ဖြစ်ပေါ်လာတတ်တာဆိုရင်...အဲဒီဆုံးဖြတ်ချက်ကို ရောက်စေဖို့...ဘယ်လိုအရာတွေက...တွန်းအားပေးခဲ့
တာလဲ?

အာာာာာာာားးးးးးးးးးးးးးးးးးးးး လို့...ရင်ဘတ်ကြီး ကွဲထွက်သွားအောင်...အော်ဟစ်...ဘာကြောင့် ငါမှဖြစ်ရတာလဲလို့...လောကကြီးကို ပြစ်တင်မေးမေးကြည့်ချင်ပေမယ့်...ခုချိန်မှာ...အင်း လို့...ခပ်ဖျော့ဖျော့အသံတောင် ထွက်ချင်စိတ်မရှိ...

မုန်းဖို့ကောင်းတဲ့...သူ့အနံ့အသက်တွေ စွဲနေတဲ့ အိပ်ရာပေါ်မှာပဲ...ဟိုလိမ့်ဒီလိမ့်...စောင်နဲ့ ထွေးပတ်ပြီး...မျက်နှာကို ခေါင်းအုံးထဲနှစ်လိုက်...ခေါင်းအုံးနဲ့ဖိပြီး အသက်ရှုအောင့်ထားလိုက်...လုပ်နေမိတယ်...

ဘာကြောင့်လဲ?
ဘာကြောင့် အဲဒီလို...လူပြိန်းတွေးတွေးပြီး...
အရူးအနှမ်းလို လျှောက်လုပ်ခဲ့ရတာလဲ?
သူက...ပြောပါပြီတဲ့...ထောင်ထဲထည့်ပါမယ်တဲ့...
တကယ်လုပ်မှာမှ...မဟုတ်တဲ့ကိစ္စကို...အဲဒီတုန်းက ဘာလို့ ယုံသွားမိရတာလဲ?

ထောင်ထဲထည့်ပါပြီတဲ့...Xingရှေ့မှာ အခုချက်ချင်းမှ မဟုတ်တာ...အခြေအနေတွေ ပြောင်းလဲယူလို့ ရသေးတယ်လေ...

မဟုတ်ဘူး...အမှန်ဆို...အဲဒီတုန်းက...ဒီအတိုင်း ထထွက်လာရင်တောင် ရနိုင်တဲ့ဟာ...
အားးးး...တကယ်ရူးတာ...ရူးတာ...
ဦးနှောက်မရှိလိုက်တာကွာ...Oh Sehunရာ...

tsk...အဲဒီတုန်းက...မတရားကြောက်နေခဲ့တာလား...တစ်ယောက်တည်း ကျန်ခဲ့မယ့်သူ့ကို ညှာနေခဲ့တာလားဘဲ...

ဟာ...မဟုတ်သေးပါဘူး...ဘာလို့ညှာရမှာလဲ??...
ဟိုကဖြင့်...ခေါင်းပေါ်တောင် တက်က သွားလိမ့်ဦးမယ်...

သွားပြီ...မင်းတော့ တကယ်သွားပြီ...Sehun...
ကြောက်တာကို ဝန်မခံချင်တာနဲ့ဘဲ...ပေါက်တတ်ကရ လျှောက်တွေးတတ်နေတာ

"ဟူးးးး..."

လူဆိုတာ...ကျဉ်းထဲကျပ်ထဲရောက်ရင်...ရူးကြောင်ကြောင် ဖြစ်သွားတယ် ထင်တယ်...

"အား...စိတ်ညစ်တယ်ကွာ"

အိပ်ရာခင်းစနဲ့...လုံးထွေးပြီး...ဟိုဘက်ကနေ ဒီဘက်ကို ပြောင်းလှည့်ပစ်လိုက်တယ်...
လူငွေ့နဲ့...ပူနေပြီဖြစ်တဲ့...ခေါင်းအုံးကိုပါ...
အေးသွားမလား မျှော်လင့်ချက်ထား ဟိုဘက်ဒီဘက် ပြောင်းအုံးလိုက်ရင်း...
အိပ်ရာရဲ့တစ်ဖက်စွန်းကို လှမ်းကြည့်တော့...
ခုနကမှ...လှမ်းပစ်လိုက်တဲ့
phက...တည်တည်ငြိမ်ငြိမ်နဲ့...တည်ရှိနေတယ်...

TRAPWhere stories live. Discover now