hmm?...ရှေ့နားမှာ...ရပ်ထားတာ...သူ့ကား???
ဟင့်အင်း...သူ့အတွက်...ကျွန်တော် ဝယ်ပေးထားတဲ့ကား...စောင့်နေခဲ့တဲ့ အချိန်တစ်ခုဟာ ရောက်လို့လာပြီ...
ထင်ပါတယ်...နောက်ကျောပေးရပ်ထားတဲ့...
Ferrari California...အပြာရောင်...ကို...
မျက်တောင်မခတ်တမ်း...ကြည့်နေမိတယ်...မင်းရဲ့...ဟိုဟာမဆီသွားဖို့...ငါကိုယ်တိုင် ရွေးချယ်...
ဝယ်ပေးထားတဲ့...အသည်းနှလုံးကိုယ်စားးပြု...ဒါလေးကိုမှ ကြွကြွရွရွ...ထုတ်စီးသွားဖို့...လိုသလားကွယ်...ဝေဝါးတက်လာတဲ့...အမြင်အာရုံ ကို...မျက်တောင်တွေနဲ့ အငြိုးတကြီး...ခပ်ကြမ်းကြမ်း...ပုတ်ချ...သန့်စင်... ပစ်လိုက်တယ်...
"တောက်"
ဘာလို့ငိုရမှာလဲ?? အရှုံးသမားမှ မဟုတ်ဘဲ...
ရင်ဘတ်ထဲက...တဆတ်ဆတ်ခါလာတဲ့...တစ်နေရာကိုတုန်ယင်နေတဲ့...လက်တွေနဲ့ ယောင်ရမ်းဖိထားရင်း...
အသက်ပြင်းပြင်း ရှုလိုက်မိတယ်...အိုး...Xiao Luhan မင်း အတော်ပျော့ညံ့သေးတာပဲ
မရဘူး...ဒီလိုဆို သူ့ကို ဆုံးရှုံးရလိမ့်မယ်...Xiao Lu
မင်း...ထန်နေစမ်းပါကွာ...ရုပ်ရှင်တွေထဲကလို...ဟုတ်တယ်...
ဒီလောက် အသေးအဖွဲလေးနဲ့...ခံစားနေမယ်ဆို...
Oh Sehunဆိုတဲ့...ချာတိတ်ကို...အစတည်းက...
ငွေကြေးနဲ့ ပုံအောခဲ့စရာ အကြောင်းမရှိသံယောဇဉ်ကြိုးတစ်ခုတည်းနဲ့ စိတ်မချလို့...
မဖြစ်နိုင်မှန်းသိလို့...မခိုင်မာမှန်းသိလို့......
နှောင်ကြိုးအမျိုးမျိုးနဲ့ ချည်တုပ်ခဲ့တာလည်း...
ဒင်းဟာ...နားမလည်ပါဘူး...စိတ်ပိုင်းဖြတ်လိုက်ပြီး...ရှေ့ကားခုံပေါ် ကြည့်မိတော့...
ပစ်တင်ထားတဲ့...maskတစ်ခုရယ်...အမြဲပါနေကျ နေကာမျက်မှန်တစ်လက်ရယ်...maskက ဘာလို့တပ်ရမလဲ??...
ကားမှန်က တစ်ဆင့်ကြည့်မိတော့...
မျက်နှာက အနည်းငယ် နီရဲနေတယ်...ဒေါသကြောင့်...အဟင်း...မဖြစ်သေးပါဘူး...
ကျွန်တော်ဟာ...Xiao Luhanဆိုတာ သိမှ...
ဒီပြဿနာက ငြိမ်းမှာပါ...
YOU ARE READING
TRAP
Fanfictionဟင့်အင်း~ ဘယ်ဟာက...အရင်စတင်ခဲ့သလဲ ကျွန်တော် မသိဘူး~သေချာတာက ကျွန်တော်တို့နှစ်ယောက် ထောင်ချောက်တစ်ခုထဲ ပိတ်မိရင်း... ကိုယ်တိုက်တဲ့ကျိန်စာ~ကိုယ်စီ ပြန်စူးခဲ့ကြတယ်