"Luhan...ခေါင်းမမာချင်ပါနဲ့ကွာ"
"မဖြစ်ဘူး...Chen...ဒီကောင်လေး သိပ်ကြာလွန်းနေပြီ
ငါ...လိုက်ရှာမှဖြစ်မှာ...မင်းကိုလည်း ဒုက္ခမပေးချင်ဘူး"သိပ်ကြာလွန်းနေရအောင် သူက ခရီးထွက်သွားတာမှ မဟုတ်တာ...Luhan ah...
မင်းဘဝထဲက အပြီးပိုင် ထွက်သွားမယ်လို့ မင်းရှေ့မှာ
ကြေညာပြီးမှ ကျောခိုင်းသွားခဲ့တာ မဟုတ်လားဂျာကင်အကြီးကြီးကို...ယူဝတ်လိုက်တာမို့...ပိန်ဖျော့
နေတဲ့ သူ့ခန္ဓာကိုယ်ဟာ...ပိုလို့ သေးငယ်ပြီး
ဂျာကင်ထဲတောင် ဝင်လို့ သွားသလိုပဲ...ဦးထုပ်အနက်ရောင်ကို ခပ်ငိုက်ငိုက်ဆောင်းလိုက်ပြီးတဲ့နောက်...
...သူ့ကိုယ်သူ လုံခြုံစိတ်ချမှု ရသွားပုံပေါ်တယ်..."ဒီလောက်ဆို...သိပ်မသိသာတော့ဘူးမလား"
ခန္ဓာကိုယ်က သူများ ဝင်တိုက်ရင်တောင် ပစ်လဲမယ့် အနေအထားမှာ~သူ့ရဲ့...ရုပ်ပြောင်းရုပ်လွှဲအတတ်ပညာကို ကျွန်တော်က ဝေဖန်ဆန်းစစ်ပေးရဦးမှာလား
သူ့မေးခွန်းအတွက် အဖြေပြန်မပေးနိုင်တဲ့အခါ...သူက ဂရုမစိုက်သလို အကြည့်လွှဲလိုက်ပြီး
"ဖုန်း...ငါ့ဖုန်းရော...?"
"Luhan...မင်း အိမ်မှာပဲ နေသင့်တယ်~ငါ ရှာပေးမယ်...အချိန်တစ်ခုတော့ စောင့်ပေးကွာ နော်"
"Tsk...ငါ မစောင့်နိုင်လို့ပေါ့"
အခန်းထဲက...ထွက်သွားတဲ့ သူ့ခြေလှမ်းတွေက...
တတ်နိုင်တာထက်ပိုပြီး မြန်နေတယ်...
စိတ်ရဲ့ ဇောနဲ့...အတင်း ဒရွတ်ဆွဲ လိုက်ပါနေရသလိုပဲ...ကျွန်တော် သူ့လက်မောင်းကို လှမ်းတွဲပေးမှဖြစ်မယ်
"Luhan..."
"shit~"
ရေရွတ်ဆဲရေးလိုက်သံ ထွက်ပေါ်လာပြီးနောက်...
လှေကားလက်ရန်းထိပ်ကိုကိုင်ပြီး...သူ မိနစ်ဝက်နီးပါး...
ငြိမ်သက်နေခဲ့တယ်"Luhan...မင်း မူးနေလား"
"Arrnyi...ရတယ်...ငါ ဘာမှ...မဖြစ်...ဘူး"
ဘာမှမဖြစ်ဘူးဆိုပေမယ့်...ဟန်ချက်ပျက်သွားတဲ့ သူ့ကိုယ်ကို မနည်းထိန်းလိုက်ရမှန်း ကျွန်တော်...
မြင်နေရတယ် မဟုတ်လား...
YOU ARE READING
TRAP
Fanfictionဟင့်အင်း~ ဘယ်ဟာက...အရင်စတင်ခဲ့သလဲ ကျွန်တော် မသိဘူး~သေချာတာက ကျွန်တော်တို့နှစ်ယောက် ထောင်ချောက်တစ်ခုထဲ ပိတ်မိရင်း... ကိုယ်တိုက်တဲ့ကျိန်စာ~ကိုယ်စီ ပြန်စူးခဲ့ကြတယ်