မှန်ပြတင်းရဲ့ အပြင်ဘက်မှာ...အဆက်မပြတ်...
ယိုစီးကျသွားတဲ့...မိုးရေတွေ...
ရေငွေ့ရိုက်နေတဲ့...မှန်ကနေတစ်ဆင့်...
အပြင်လောကရဲ့ မိုးသည်းပန်းချီကားကို... မှုန်ဝါးဝါးမြင်နေရတယ်...အပြင်မှာ မိုးတွေ ရွာနေတယ်...
ကျွန်တော်...မိုးစက်တွေကို...ထိချင်တယ်...အတွေးပေါ်လာတာကို သတိထားမိမိခြင်းဘဲ...
ဆလိုက်ထိုးတံခါးကို ဘေးဘက် ဆွဲဖွင့်လိုက်မိတယ်...ကျွန်တော် တတ်နိုင်သရွေ့တော့...ခုချက်ချင်း မလုပ်မိလို့ နောင်တရတဲ့ အဖြစ်မျိုးတွေ မကြုံချင်ဘူး...
Awwz...အပြင်မှာ လေတွေပါ တိုက်နေတာပဲ...
ဒါကြောင့် သစ်ပင်တွေ ယိမ်းထိုးနေကြတာ...
ကျွန်တော် သတိမထားမိလိုက်တာပဲ~အေးမြတဲ့ မိုးသက်လေတွေဟာ...
ပွင့်သွားတဲ့ ပြတင်းကတစ်ဆင့် အငမ်းမရ
အခန်းထဲဝင်ရောက်လာကြတယ်...အဲကွန်းအအေးဓာတ်နဲ့ယှဉ်ရင် သဘာဝလေက ခပ်နွေးနွေးလိုဘဲ...မိုးရေစက်တွေလည်း လေနဲ့အတူ ခုန်ပေါက်မြူးထူးပြီး...အခန်းထဲ ဝင်ရောက်လာတယ်
အချိန်အနည်းငယ်ကြာတဲ့အခါ...
လေပူလေအေး နှစ်မျိုးရောယှက်နေတဲ့ အခန်းရဲ့လေထုဟာ...ဖြည်းဖြည်းချင်း အေးစက်တဲ့အသွင်ကို ယူဆောင်လာတယ်အေးလိုက်တာ...
လက်တွေကို...ပြတင်းပေါက်အပြင်ဘက် ထုတ်ဖို့ ရည်ရွယ်ထားပြီးမှ...တကယ်တမ်း မိုးစက်မိုးပေါက်တွေနဲ့
ထိတွေ့ဖို့ကျ...လက်ရွံ့နေမိပြန်တယ်...တစ်စုံတစ်ခုကို စိုးရိမ်နေသလို...
အဲဒီမိုးရေစက်တွေနဲ့...ထိတွေ့လိုက်လို့...
မကောင်းတာ တစ်ခုခုဖြစ်လာမှာ...စိုးရိမ်တယ်...မဟုတ်ဘူးနော်...တကယ်ဆို...
ကျွန်တော်ဟာ Xiao Luhan...
ဒီလို အူကြောင်ကြောင် စိုးထိတ်မှုတွေက...
ကျွန်တော်နဲ့...မရင်းနှီးဘူး...ခက်ထန်တဲ့...Xiao Luhan
နောင်တမရှိတဲ့...Xiao Luhan...
ပိုင်ဆိုင်လိုတဲ့ Xiao Luhan...
လူများ အမြင်ကပ်တဲ့...Xiao Luhan...
သူ...ရွံရှာမုန်းတီးတဲ့ Xiao Luhan...
ပရိတ်သတ်တွေ လက်လွှတ်ချင်စရာ ဖြစ်လာတဲ့...
Xiao Luhan...
YOU ARE READING
TRAP
Fanfictionဟင့်အင်း~ ဘယ်ဟာက...အရင်စတင်ခဲ့သလဲ ကျွန်တော် မသိဘူး~သေချာတာက ကျွန်တော်တို့နှစ်ယောက် ထောင်ချောက်တစ်ခုထဲ ပိတ်မိရင်း... ကိုယ်တိုက်တဲ့ကျိန်စာ~ကိုယ်စီ ပြန်စူးခဲ့ကြတယ်