Your...Regret

10.7K 1.1K 90
                                    

မြေအောက်ထပ်...ကားပါကင်ထဲ...နီညိုရောင် ကားလေးတစ်စီး ထိုးဝင်လာတယ်...

ပိန်ပိန်ပါးပါး ပေါ့ပါးသွက်လက်ဟန်ရှိတဲ့ လူလတ်ပိုင်းအရွယ်...ကားပိုင်ရှင်ဟာ...
မျက်နှာကတော့ အနည်းငယ် နွမ်းလျနေတယ်...

သူ့အခြေအနေကို တစ်ချက်ကြည့်ပြီးရင်တော့...
ကျွန်တော် ပြန်လို့ ရပါပြီ...ရုံးခန်းကိုပေါ့လေ...
သတင်းသမား အချို့နဲ့ ဆွေးနွေးစရာရှိတာရယ်...

"ဟင်? နေပါဦး"

တိတ်တိတ်ငြိမ့်ငြိမ့်...ရပ်နေတဲ့...အနက်ရောင် စတစ်ကာကပ် ကားကြီးကို တစ်ချက်ကြည့်ကာ...
အနားသွားပြီး...တံခါးမှန်ကို...ခပ်ဖွဖွ ပုတ်လိုက်မိတယ်

Sehunက အပေါ်မှာ မဟုတ်ဘူးလား...

တံခါးမှန်အနက်က...ဖြည်းဖြည်းချင်း ကျလာတဲ့အခါ

"မင်း...Luhanနဲ့...သွားမနေဘူးလား...
သူ နေမကောင်းဘူးလေ"

ကျွန်တော့်ရဲ့...ပြစ်တင်သံ ရောစွက်တဲ့...မေးခွန်းကို...
သူက...ခပ်ငေးငေး တုံ့ပြန်တယ်...

နီရဲနေတဲ့...မျက်ဝန်းတွေမှာ လိုတာထက်ပို ဖောင်းမို့နေကြတဲ့...အောက်မျက်ခမ်းစပ်တွေ...
နှုတ်ခမ်းက...ခြောက်သွေ့နေပေမယ့်...
သွေးစို့နေဟန်က...??
သူ့ကြည့်ရတာ ရှင်သန်နေပေမယ့် သေဆုံးနေသလို...

ကျွန်တော်...မမှားမှန်းသိပေမယ့်...အားနာသွားမိတယ်

ဟုတ်သားပဲ...
တကယ်ဆို...ကျွန်တော် ဒီလို မပြောသင့်ဘူး...

လူနာကို တစ်ယောက်တည်း ပစ်ထားပြီး...
ကားပါကင်မှာ ကားထဲ...ငူငူငိုင်ငိုင် လာထိုင်နေတဲ့ သူ့ကို...နေနိုင်တယ်နော် လို့
အပြစ်ပြောရလောက်အောင် သူတို့ ကိစ္စက...ရိုးရှင်းမနေ

အခုချိန်...အိပ်ယာထက်မှာ...ဆေးပိုက်တန်းလန်း လဲနေမယ့် Luhanကလည်း သူ့အတွက်...သနားစရာ ကောင်းမနေနိုင်ဘူး မဟုတ်လား...

မနက်ခင်းလေးတစ်ခုမှာ...ဒီလောက်ကြီးမားတဲ့ ပြဿနာတွေကို...နှစ်ယောက်သား...စီကာ ဆက်ကာ ရှာနိုင်တာကို...ကျွန်တော် အတော်လေး...ရှုပ်ထွေး ကျပ်တည်းစွာနဲ့...လက်ခံနိုင်ဖို့...ကြိုးစားလိုက်ရတယ်

TRAPWhere stories live. Discover now