"ခင်ဗျား...ဒီနေ့မှ ဆေးရုံဆင်းတာ ဖြစ်ပါ့မလား..."
ဖြူလွလွ...ငှက်မွှေးအိပ်ယာပေါ်မှာ...ခန္ဓာကိုယ် သေးသွယ်သွယ်ကို...ခပ်လျော့လျော့လေး...မှေးတင်ထားတဲ့...သူ့ကို...ကြည့်ရင်း... မေးလိုက်မိတယ်...
အဖြေကို သိပြီးသား ဖြစ်ပေမင့်လို့ပေါ့...ညအိပ်ဝတ်စုံက...နူးညံ့ပါးလွှာတာမို့...တမင်ကို ခပ်နွဲ့နွဲ့...လှဲချထားတဲ့...သူ့ကိုယ်ဟန်က...
အထင်းသား...ဇာတ်တူသားမစားပါဘူးလို့...
ခေါင်းခါခြေခါ ငြင်းတဲ့သူတောင်...
သူ့ရဲ့...ဒီလိုပုံစံကိုတွေ့ရင်...အင်တင်တင်ဖြစ်သွားမယ်ဆိုတာ...လောင်းကြေးထပ်ရဲတယ်...သူလှဲနေပုံက...တိမ်တွေပေါ်က...တိမ်ဥလွှာတွေလို...
နှုတ်ခမ်းထွေးထွေးရဲနေပုံက...သဘာဝထက်တောင် ပိုနေသလို...အင်းလေ...ဘယ်ပြောနိုင်မလဲ?...
Xiao...Luhanဆိုတာက...
ဖြူဖျော့နေတဲ့...သူ့နှုတ်ခမ်းကိုဖုံးဖို့...
နှုတ်ခမ်းဆိုးဆေး ဆိုးလိုက်ဖို့ဟာ...ဝန်လေးနေမယ့် သူမျိုးမှ မဟုတ်တာ"အပိုတွေ မပြောနဲ့တော့...မြန်မြန်လာ...
တစ်ပတ်လုံးလုံး ငြိမ်ငြိမ်လေးနေရင်း အားမွေးထားပြီးသား ငါ ထပ်ပြီး...သည်းမခံနိုင်တော့ဘူး""........."
ချစ်ဖို့ကောင်းနေပြီလို့...
တွေးမိတဲ့ အခိုက်အတန့်တွေတောင်...
သူ့စကားတစ်ခွန်းနဲ့...အရည်ကျဲသွားတာ များပါတယ်...
ရမ္မက်ကြီးတဲ့...သူက...အမြဲ အလျင်လိုနေတတ်သလို...
ရောင့်ရဲသွားတာမျိုးလည်း ရှားပါရဲ့...
လိုတာထက်ပိုပြီး ယူဖို့...အမြဲကြိုးစားနေတတ်တယ်...အခုလည်း အိပ်ယာပေါ်မှာ...အထာပေးနေတာ...
ညနေကမှ...ဆေးရုံဆင်းထားတဲ့လူဆိုရင်...
ဘယ်သူ ယုံမှာလဲ?Scheduleတွေလည်း နားထားလို့...
အေးဆေးဖြစ်နေတဲ့သူက...ဘာတွေ ကြိုတင်တွေးထားသလဲဆိုတာ...ဝေးဝေးပြေးကြည့်စရာ မလိုပါ...တစ်ပတ်လုံးလုံး...ဆေးရုံပေါ်မှာ...ဆန္ဒကို သိက္ခာနဲ့တင်မက ကျန်းမာရေးနဲ့ ပက်သက်ပြီးပါ ထိန်းထားရတဲ့သူက...အရှိန်တင်ထားတဲ့...မော်တာများလို...တဝီဝီနဲ့...အဲဒီကိစ္စအတွက်... အတော်လေးကို နိုးကြားတက်ကြွနေပါပြီ...
YOU ARE READING
TRAP
Fanfictionဟင့်အင်း~ ဘယ်ဟာက...အရင်စတင်ခဲ့သလဲ ကျွန်တော် မသိဘူး~သေချာတာက ကျွန်တော်တို့နှစ်ယောက် ထောင်ချောက်တစ်ခုထဲ ပိတ်မိရင်း... ကိုယ်တိုက်တဲ့ကျိန်စာ~ကိုယ်စီ ပြန်စူးခဲ့ကြတယ်