နံနက်ခင်းရဲ့...နေခြည်နွေးနွေးက...သူ့ပါးပြင်ပေါ် ယှက်သန်းဖြာကျနေတယ်...
သိပ်မကြာခင်...နွေးရာကနေ ပူတဲ့အဆင့်ရောက်ပြီး
သူ့ကိုနိုးထစေတော့မယ်...ခေါင်းရင်းထက်က...ကြိုးစကို...အသာဆွဲပြီး~
...အိပ်မက်လှလှလေးတွေကနေ...
လန့်နိုးမသွားအောင် တားဆီးပေးလို့ ရပေမယ့်...
အဲဒီလိုလုပ်ဖို့...ဆန္ဒ ကျွန်တော့်မှာ မရှိစိတ်အနှောင့်အယှက်ဖြစ်ပြီး...နိုးထလာရမယ့်...
မကြည်မလင် နံနက်ခင်းတစ်ခုကို...
သူ့အတွက် လက်ဆောင်အဖြစ်ပေးချင်တယ်...နိုးလာတာနဲ့...ဆေးလိမ်းပေးဖို့ ရည်ရွယ်ပြီး
ညက သွေးစို့နေတဲ့...ဒဏ်ရာလေးတွေအတွက်...
ဆေးသေတ္တာကို အဆင်သင့်ချထားတယ်~အိပ်နေတုန်းလေး...လိမ်းပေးလို့ ရတယ် ဆိုပေမယ့်
စပ်ဖျဉ်းဖျဉ်း ခံစားချက်ကြောင့်...ရုတ်တရက်
လန့်နိုးသွားတာထက်စာရင်...ဘယ်အချိန်များ ငါ နာကျင်ရပါ့မလဲ...ဆိုတဲ့ စိုးထိတ်မှုမျိုး သူ့ကို ခံစားစေ့ချင်တာ~လက်စားချေရာတောင် မရောက်တဲ့...
ငါ့ရဲ့အညှိုးအတေးလေးတွေပါ...Hun ahလေပြေညင်းရဲ့ စနက်နဲ့ မျက်လုံးပေါ်ကျနေတဲ့...
သူ့ဆံပင် ပျော့ပျော့လေးတွေကို...အသာ သပ်တင်ပေးလိုက်မိတယ်~Awwz...အိပ်နေလိုက်တာများ...
ကျွန်တော့်ကလေးလေး...ကြည့်လို့ကို မဝနိုင်ဘူး...အလုပ်တွေ ပင်ပန်းလို့ ထင်ပါရဲ့...
တိုးတိုးလေးတောင် ဟောက်တတ်နေပြီ~ချစ်စရာ..."ဟင်း"
သူနဲ့ကျွန်တော့်ရဲ့...အသက်ကွာခြားချက်ကလည်း...သူက...တက်ချိန်...ကျွန်တော်က အရွယ် ကျချိန်
နောက်ဘဝဆိုတာ ရှိခဲ့ရင်...မင်းချစ်မယ့်သူ အဖြစ်
ငါ ပြန်လည် မွေးဖွားချင်ပါတယ်...Hunရယ်...ဘယ်လို အနေအထားမျိုးပဲ ဖြစ်ဖြစ်...
/Sehunက...မင်းကို မချစ်တာ မဟုတ်ဘူး...
ဒါပေမယ့်...အဲဒါကိုလည်း သူ ဘယ်တော့မှ ဝန်ခံမှာ မဟုတ်ဘူး...Luhan.../အဲဒီနေ့က...သူ့အကြည့်တွေ~
La Valentina Speltလို့...တမင်တကာ လာချပြီး...မထိခလုတ်...ထိခလုတ် လာစနေတာ...
လိုက်တမ်း ပြေးတမ်း ဆော့တဲ့ ကလေးလေးလိုပဲ...
YOU ARE READING
TRAP
Fanfictionဟင့်အင်း~ ဘယ်ဟာက...အရင်စတင်ခဲ့သလဲ ကျွန်တော် မသိဘူး~သေချာတာက ကျွန်တော်တို့နှစ်ယောက် ထောင်ချောက်တစ်ခုထဲ ပိတ်မိရင်း... ကိုယ်တိုက်တဲ့ကျိန်စာ~ကိုယ်စီ ပြန်စူးခဲ့ကြတယ်