လေရူးတစ်ပွေက...သစ်ရွက်ကြွေတွေကို...
တစ်ပွေ့တစ်ပိုက်ကြီး~ဝေ့ဝဲလှည့်ပတ်~
လှည့်စားခေါ်ဆောင်သွားတယ်..."ဟင်း"
ချာချာလည်နေတဲ့~သစ်ရွက်ကလေးတွေဟာ...
သူတို့ စိတ်ဆန္ဒမပါဘဲ အတင်းအဓမ္မ~
ခေါ်ဆောင်သွားခြင်း ခံရတာလား?ဒါမှမဟုတ်...
သူတို့ကိုယ်တိုင်ကကို...လိုလိုလားလား~ဟိုဟိုဒီဒီ ပြေးလွှားပြပြီး...လေပွေကို အပါးလာအောင် ဆွဲဆောင်ယူတာလား...
"ဟူး~"
ဘာတွေလဲကွာ~အတွေးတွေကလည်း
Chen Hyungနဲ့ နောက်ဆုံးတွေ့ခဲ့တဲ့ရက်
ကနေ...အခုချိန်ထိဆို...သုံးဆယ့်လေးရက်တိတိ...စိတ်ဆိုးသွားတဲ့...Chen Hyungက...
သူ့စကားအတိုင်း...
ကျွန်တော့်ကို လုံးဝ ထပ်လာမရှာ...
အဆက်အသွယ်လုပ်ဖို့ မကြိုးစားတော့...တစ်ပတ်တစ်ခါ...ဆေးရုံကို လာဖြစ်ပေမယ့်လည်း ထပ်ပြီး.သူတို့နဲ့ မကြုံ မဆုံတော့...
"ဟင်း"
ဒီလိုနဲ့ပဲ...အဆက်အသွယ် ပြတ်တောက်သွားကြရတော့မှာလား~
ထင်ထားတာထက် လွယ်ကူမြန်ဆန်လွန်းနေမှုက~
ရောင့်ရဲခြင်းကင်းတဲ့ ကျွန်တော့်စိတ်ကို...
အလိုမကျ ဖြစ်စေတယ်~ငါးနှစ်တာ တည်ဆောက်ဖန်တီးယူခဲ့တဲ့...
ကျွန်တော်တို့ နှစ်ယောက် ပက်သက်ဆက်နွယ်မှုကို
ပြန်လည်...ခြေရာကောက်ပြီး...ပြန်ဆက်ယူဖို့ ကြိုးစားရာမှာ~သူဟာ...ဒီလောက် အေးဆေးနိုင်လိမ့်မယ်လို့...မထင်ခဲ့မိရိုးအမှန်ပါမိုးလင်းကနေ...မိုးချုပ်...မကြားချင်လည်း ကြားနေရတဲ့~သူ့အသံ...သူ့အကြည့်...သူ့အငွေ့အသက်တွေဟာ...ခုအခါမှာတော့~သတင်း အစအနလေးကြားဖို့တောင် အတော် ခက်ခဲလို့နေ တယ်~ဟိုး ကမ္ဘာကြီး...အစွန်အဖျားက...
သူ့ပရိတ်သတ်တစ်ယောက်လိုပဲ~သိပ်ဝေးသွားပြီ...
Xiao Luhan...ခင်ဗျားနဲ့ ကျွန်တော်...ကျွန်တော်က...ဒီလိုဖြစ်အောင်...မျှော်လင့်ခဲ့မိ
ပေမယ့်...ခင်ဗျားကတော့ ဒီလိုအခြေအနေမျိုး...
မမျှော်လင့်ထားသလို...လက်သင့်ခံနိုင်မယ့် သူမျိုးလည်း မဟုတ်ဘူး...မို့လား~
![](https://img.wattpad.com/cover/55725329-288-k324346.jpg)
YOU ARE READING
TRAP
Fanfictionဟင့်အင်း~ ဘယ်ဟာက...အရင်စတင်ခဲ့သလဲ ကျွန်တော် မသိဘူး~သေချာတာက ကျွန်တော်တို့နှစ်ယောက် ထောင်ချောက်တစ်ခုထဲ ပိတ်မိရင်း... ကိုယ်တိုက်တဲ့ကျိန်စာ~ကိုယ်စီ ပြန်စူးခဲ့ကြတယ်