မစူးရှပေမယ့်...တောက်ပတဲ့...အလင်းရောင်တစ်ခု...
လက်ခံနိုင်ဖို့...အဆင်သင့်မဖြစ်သေးမှန်း...သိတဲ့အခါ
မျက်ခွံတို့က ...အလိုလို...အမြင်အာရုံကို... ပိတ်ဆီးကာကွယ် လိုက်ကြတယ်...
"နိုးပြီလား..."
ရင်ဘတ်ထဲအထိ...ရင်းနှီးအသားကျ...စွဲမြဲနေပြီး...
အသံတစ်ခုကို...ကြားလိုက်ရတော့...ကျွန်တော်...
မျက်လုံးတို့ကို...ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း...
နောက်တစ်ကြိမ်...အလင်းရောင်ကို လက်ခံနိုင်ဖို့...ကြိုးစားတယ်...
ဒုတိယအကြိမ်တွေဟာ ပထမတစ်ခါထက်တော့ ပိုပြီး...အကျွမ်းတဝင်ဖြစ်လာတာမို့... အဆင်ပြေတတ်တယ်မဟုတ်လား...
အလင်းရောင်ကြားက...
သူ့အရိပ်ကို...ဖြည်းဖြည်းချင်း...မြင်လာရတယ်...
အင်း...သူ...ကျွန်တော့်ဘေးမှာ...
စင်ပေါ်တက်ခါနီး...နောက်ဆုံးအကြိမ် နမ်းခဲ့တုန်းက ဆွဲဆုတ်ထားခဲ့တဲ့...အကြေရာနဲ့...အင်္ကျီကိုပဲ...
ဝတ်ထားတယ် ထင်တယ်...
"ခင်ဗျား...မူးလဲသွားတာ"
"အင်း..."
နှုတ်ခမ်းဖျားဆီက...ထွက်ပေါ်လာတဲ့...
မပွင့်တပွင့်...အသံက...ညည်းသံတစ်ခုနဲ့...
ခပ်ဆင်ဆင်...ထွက်ပေါ်လာတယ်......
မျက်နှာချင်းဆိုင်မှာရှိနေတဲ့ မျက်နှာကျက်ဖြူဖြူဆီမှာတော့
အနက်ရောင်...ခရမ်းပြာရောင်...အနီရောင်
အစက်အပြောက်လေးတွေ...ကြွတက်လာနေတယ်...
မျက်လုံးတွေကို...မှိတ်လိုက်မိတော့...
အသည်းထဲ...အေးကနဲ...
တွင်းနက်ကြီးတစ်ခုထဲ...ကျသွားသလိုပဲ...
အင်း...ကျွန်တော်...မူးနေတုန်းပဲ...
ခေါင်းကို...ဘေးဘက်ဆီ...နည်းနည်းအားစိုက် ပြောင်းလှည့်ပြီး သူ့မျက်နှာလေးဆီ...အကြည့်တွေကို...
ဖြည်းဖြည်းချင်း ပြောင်းလဲ ပို့လွှတ်မိပါရဲ့...
အခြားထက် ကျွန်တော့်အတွက် တစ်ခုတည်းသော ရှင်သန်ရာ...အကြောင်းပြချက်လေး...သူကတော့
ဘာတွေ ဘယ်လိုပဲ ခက်ခဲပါစေ ဆက်ပြီး အားတင်းဖို့
အထောက်အကူဖြစ်နိုင်မယ် ယုံကြည်မိရင်းပေါ့
ထင်တဲ့အတိုင်း...
ကျွန်တော့်ကို ကြည့်နေတဲ့...သူ့မျက်ဝန်းတွေမှာ...
အလိုမကျမှုတစ်ချို့ရယ်...စိတ်ရှုပ်ထွေးမှု...အနည်းငယ်ရယ်...စိတ်ပျက်မှုတော်တော်များများရယ်...
YOU ARE READING
TRAP
Fanfictionဟင့်အင်း~ ဘယ်ဟာက...အရင်စတင်ခဲ့သလဲ ကျွန်တော် မသိဘူး~သေချာတာက ကျွန်တော်တို့နှစ်ယောက် ထောင်ချောက်တစ်ခုထဲ ပိတ်မိရင်း... ကိုယ်တိုက်တဲ့ကျိန်စာ~ကိုယ်စီ ပြန်စူးခဲ့ကြတယ်
