"Xiao...Luhan...ခင်ဗျားကို သတ်မယ်...
Xingသေရတာ...ခင်ဗျားကြောင့်..."သူ...တစ်ခါမှ မမြင်ဖူးတဲ့...အကြည့်တွေနဲ့သူ...
ရှေ့နားကို တိုးလို့ လာတယ်...ဟင့်အင်း...မလုပ်နဲ့...မလုပ်ပါနဲ့...Hunရယ်...
အသံတစ်သံက...ကိုယ်တွင်းတစ်နေရာထဲကနေ...
ကျယ်ကျယ်လောင်လောင်ကို ထွက်ပေါ်နေပေမယ့်...
ကျွန်တော့် နှုတ်ခမ်းတွေ ဖွင့်လို့ မရဘူး...
တစ်ကိုယ်လုံးလည်း...လှုပ်မရတော့ဘဲ...
အညှိုးတကြီး ကြုံးဝါးပြီး... အရှိန်နဲ့ ပြေးဝင်လာတဲ့...
သူ့ကို...နာကျင်စွာနဲ့ ကြည့်နေရုံကလွဲ..."အ..."
ကျွန်တော် ယောင်ယမ်းပြီး...ရှောင်လိုက်မိတဲ့အခါ...
ဘာကိုမှ မဆုပ်ကိုင်မိလိုက်ဘဲ...လေဟာနယ်ထဲ လွင့်စင်သွားသလို......လစ်ဟာသွားတဲ့ ခံစားချက်အဆုံး သိလိုက်ပါပြီ...
ဒါ အိပ်မက်တစ်ခုမှန်း...ကြယ်တာရာတွေ...ပြည့်နှက်နေတဲ့...ကောင်းကင်တု...
ကျွန်တော့်အပေါ် ခါတိုင်းလိုပဲ...အုပ်မိုးထားတာ မြင်လိုက်ရတယ်..."ဟင်း"
ဆိုးရွားလိုက်တဲ့...အိပ်မက်ပဲ...
လက်ဖျံဆီက...ခပ်တင်းတင်း ခံစားမှုကြောင့်...
...ဆေးသွင်းထားမှန်း...သိနေရတယ်အခု...ဘာတွေ ဖြစ်ကုန်ပြီလဲ?
မျက်လုံးထဲမှာ...အရောင်တွေ ဖြတ်ပြေးသွားကြတယ်...
သူမဆီက...စီးကျလာတဲ့...သွေးရောင်တွေ...
ကတ္တရာလမ်းပေါ်က အဖြူရောင် မျဉ်းကြောင်းတွေ...
Hunဝတ်ထားခဲ့တဲ့...စပို့ရှပ် အဝါလေးရယ်...
ဘာမှန်း မသိတဲ့...အနက်ရောင်တွေ...မျက်ရည်တွေ...
အော်သံတွေ စိတ်ကိုအရိုင်းဆန်စေတဲ့...
ပူနွေးညှီသက်တဲ့...သွေးအရသာ...အာရုံစုစည်းဖို့...မျက်မှောင်ကြုတ်လိုက်မိတဲ့အခါ
နှဖူးထက်က...ဆစ်ခနဲ...ယောင်ယမ်းစမ်းကြည့်မိတော့
အသားမဟုတ်တဲ့...ခပ်ထူထူ အရာတစ်ခု...စူးရှတဲ့ ဆေးရနံ့...ပတ်တီးစည်းထားတယ်...ထင် တယ်..."Hun...Sehun...ah"
"သတိရပြီလား?"
Chenရဲ့...အသံကိုပဲ ကြားရတယ်...
သူ...ကျွန်တော့် နားမှာ... မရှိဘူးလား...
YOU ARE READING
TRAP
Fanfictionဟင့်အင်း~ ဘယ်ဟာက...အရင်စတင်ခဲ့သလဲ ကျွန်တော် မသိဘူး~သေချာတာက ကျွန်တော်တို့နှစ်ယောက် ထောင်ချောက်တစ်ခုထဲ ပိတ်မိရင်း... ကိုယ်တိုက်တဲ့ကျိန်စာ~ကိုယ်စီ ပြန်စူးခဲ့ကြတယ်