အရင်တုန်းက...coffeeတစ်ခွက်ဝယ်ပြီးတာနဲ့...
ကျောခိုင်းထွက်လာနေကျ...StarBucks coffeeဆိုင်လေးဟာ...အခုတော့ ကျွန်တော်...
တစ်နေ့မှာ...နာရီဝက်လောက်...
အေးအေးလူလူထိုင်နေမိတတ်တဲ့...နေရာလေး...
တစ်နေရာ ဖြစ်လာခဲ့သလို...
ကျွန်တော့်နှလုံးသားမှာလည်း...coffee ကောင်းကောင်း
ဖျော်တတ်ပြီး...ပါးချိုင့်လေးတွေ ပေါ်အောင် ပြုံးပြတတ်တဲ့... ကောင်မလေး တစ်ယောက်က...
အပြန်အလှန်သဘော...နေရာယူလို့လာပြီလေ...သူမမှာ...ပါးလျားလျားမဟုတ်ဘဲ...
အနည်းငယ် ချစ်စဖွယ် ခပ်တွဲတွဲလေးကျနေတဲ့...
နှုတ်ခမ်းထူထူလေးတွေ ရှိတယ်...မျက်လုံးတွေဟာ...သူ့လို...အမြဲ မတောက်ပနေတတ်ပေမယ့်...သဘာဝအတိုင်း အိပ်ချင်သလို ဖြစ်နေတတ်တဲ့...မျက်ခွံလေးတွေကို ပင့်တင်ပြီး...ကြည့်လိုက်တဲ့အခါ...တကယ် ချစ်ဖို့ကောင်းတယ်...သိုးငယ်လေး လိုပဲ...
ပြင်ဆင်ခြယ်သခြင်း...သိပ်မရှိဘဲ...ပန်းနုရောင် သန်းနေတတ်တဲ့...မျက်နှာလေးကို မြင်ရတဲ့အခါ...
Eyelinerထူထူတွေ...make upတွေနဲ့...
ပူအိုက်...မွန်းကျပ်နေတတ်တဲ့...သူ့မျက်နှာကို...
မဆီမဆိုင်...သွား...သတိရမိတတ်သေးတယ်...သူမကို...ကောင်းကောင်းမြင်သာတဲ့...တစ်နေရာမှာ...ထိုင်...Americanoတစ်ခွက်ကို...စားပွဲရှေ့ချရင်း... Customerတွေနဲ့...စကားပြောနေတတ်တဲ့ သူမကို
သိသိသာသာတစ်မျိုး...မသိမသာတစ်မျိုး...
ငေးကြည့်မိတဲ့အခါ... သူမရဲ့...နှုတ်ခမ်းလေးဟာ...စုစုချွန်ပြီး...အရှေ့ကို ချစ်စဖွယ် ထွက်လာတတ်တာကို တွေ့ရတယ်
အစကတော့...တမင်တကာ
ချစ်စရာကောင်းအောင် လုပ်ပြောတယ် ထင်မိခဲ့ပေမယ့်...
အဲဒီလို မဟုတ်ဘဲ...သူမရဲ့...ကိုယ်ပိုင် အမူအကျင့်လေးတစ်ခုလို့...သတိထားမိလာရဲ့...ဒီအချက်ကတော့...Xiao Luhanနဲ့ သူမရဲ့...
တူညီတဲ့ အချက်တစ်ခုပဲ...
ဘယ်သူက ပိုပြီးသာသလဲ ဆိုတာတော့...
ကျွန်တော် ဝေခွဲမတတ်...နေပါဦး...ကျွန်တော်...ဘာလို့...
မိန်းကလေးတစ်ယောက်ကို...ယောက်ျားတစ်ယောက်နဲ့...အရာရာတိုင်း လိုက်ပြီး နှိုင်းယှဉ်နေမိလဲ?...ဘာဆိုဘာမှ မတူညီတဲ့ လူနှစ်ယောက်ကြားထဲက...
တူညီမှုအချို့ကို...ဘာလို့များ ခဲရာခဲဆစ် လိုက်ပြီး...ရှာဖွေနေမိတာလဲ?...
YOU ARE READING
TRAP
Fanfictionဟင့်အင်း~ ဘယ်ဟာက...အရင်စတင်ခဲ့သလဲ ကျွန်တော် မသိဘူး~သေချာတာက ကျွန်တော်တို့နှစ်ယောက် ထောင်ချောက်တစ်ခုထဲ ပိတ်မိရင်း... ကိုယ်တိုက်တဲ့ကျိန်စာ~ကိုယ်စီ ပြန်စူးခဲ့ကြတယ်