Your...Life

11.4K 1.2K 27
                                    

မျက်နှာကြက်ပေါ်မှာ...တပ်ဆင်လို့ထားတဲ့...
လင်းလင်းလက်လက် အဏုမြူ ကြယ်တာရာတွေကို...
ကျွန်တော် ငေး နေမိတယ်...

ကြယ်တွေ ကြည့်ရတာ သဘောကျတဲ့...သူက...
အိပ်ခန်းထဲမှာ...ကောင်းကင်ကြီးကို ကြည့်နေရသလိုဖြစ်အောင်...ဖန်တီးလို့ထားတယ်...
ဘယ်လိုပဲ ကြည့်ကောင်းပါစေ...
ဒါက...အတုအယောင်ပါပဲ...

"Hun...ah"

ကျွန်တော့် လက်မောင်းပေါ်မှာ...ခေါင်းတင်ထားတဲ့သူက
ကျွန်တော့်ရင်ဘတ်ပေါ် လက်တင်ထားကာ...
တွယ်တွယ်တာတာ ခေါ်တယ်...

"Wae?"

"နက်ဖြန်...သူနဲ့ သွားတွေ့မှာမလား"

"အင်း...ကျေးဇူးတင်ပါတယ်"

သူက ပိုမိုတင်းကျပ်စွာ ဖက်ထားကာ ကျွန်တော့်ရင်ခွင်ထဲ ခေါင်းတိုးဝင်ရင်း...

"ကျေးဇူးတင်စရာ မလိုပါဘူး...ချစ်လို့ပဲဟာ"

ကပ်ပြီး ချွဲနေတဲ့...သူ့ကို ဘာကြောင့်မှန်းမသိ...
ဆံပင်တွေ ဖွာပေးလိုက်မိတယ်

"သိလား...Hun...ငါကလေ...မင်းကို...ချစ်လွန်းလို့...ခွင့်ပြုတာနော်"

"အင်းပါ"

"နက်ဖြန်သွားတွေ့ရင်...ငါလည်း လိုက်ခဲ့မယ်"

"ဟင်?...Scheduleရှိတယ် မဟုတ်လား"

"Chenကို ပြောပြီး...ရွှေ့ခိုင်းလိုက်ပြီ~
မင်းရဲ့...အုပ်ထိန်းသူ တစ်ယောက်အဖြစ်နဲ့ လိုက်ခဲ့မယ်လေ...နော်"

"အင်း..."

"ဘာဖြစ်လို့လဲ? ငါ့ကို မလိုက်စေချင်ဘူးလား...ငါ
အခြေအနေနဲ့ အချိန်အခါ နားလည်ပါတယ်...ပြီးတော့"

"အင်း..."

"သဘောထားလည်း...
နည်းနည်း ကြီးပေးနိုင်မယ် ထင်တယ်"

မယုံရဲပေမယ့်...ဒီ...စကားလေး ထွက်လာတာကိုပဲ...
ကျွန်တော်...ကောင်းတဲ့ လက္ခဏာအဖြစ် မှတ်ယူရင်း
သူ့ကျောပြင်ကို...ဖွဖွ ပုတ်ပေးလိုက်မိရင်း...

"အိပ်တော့...Lu...ညနက်ပြီ"

မနက်ဖြန်အတွက်...မျှော်လင့်ချက်တွေနဲ့...ကျွန်တော်
တစ်ညတာကို အိပ်စက်ခြင်းမဲ့စွာ...ဖြတ်သန်းခဲ့မိရဲ့...

TRAPWhere stories live. Discover now