တနင်္ဂနွေ...
မုန်းလိုက်တာ...ရက်သတ္တပတ်တစ်ခုရဲ့...တနင်္ဂနွေတိုင်းကို...
ကျွန်တော်မုန်းတယ်...
ရောက်လာမှာလည်း...ကြောက်တယ်...စိုးရွံ့ရခြင်းတွေ...စောင့်မျှော်ရခြင်းတွေ...
အားငယ်ရခြင်းတွေ...ပူဆွေးရခြင်းတွေ...ဒီတစ်ခါ သူ...ပြန်မလာတော့ရင် ဘယ်လိုလုပ်မလဲ?
ဟိုမိန်းမလို...သိပ်ချစ်ရမယ့်သူမျိုး ထပ်တွေ့သွားရင်...ဘယ်လိုလုပ်မလဲ?
ဟိုတစ်ခါလို စိတ်ရူးပေါက်ပြီး...ချန်ရစ်ထားခဲ့ရင်...
ဘယ်လိုလုပ်ရပါ့မလဲ?"အာ့"
ကြမ်းပြင်နဲ့မထိဘဲ...ဟာခနဲ ဖြစ်သွားတဲ့...
ခံစားချက်နဲ့အတူ ဟန်ချက်မထိန်းလိုက်နိုင်ဘဲ...
ပြုတ်ကျသွားတယ်...Tsk...လှေကားထစ်တွေကို...သေချာ မရေလိုက်မိဘူး~
ကျွန်တော်ကလည်း အသုံးကိုမကျတာ...
သူများအတွက်မပြောနဲ့...ကိုယ့်အတွက်ကိုယ်တောင် အသုံးမကျနိုင်တဲ့ ကောင်...ဒီကနေဆို...ညာဘက်ကို...ခြေလှမ်းနှစ်ဆယ်...
ခုနက...နာရီမြည်တာက...ကိုးချက်...
အခုလောက်ဆို...ကိုးနာရီခွဲလောက်ပြီ ထင်တယ်~
ခုထိ ပြန်မလာသေးဘူး~
ပြန်မလာတော့ဘူး...လား...မသိဘူး~
ဟင့်အင်း...မဖြစ်နိုင်ပါဘူး...သွား...သွား
မကောင်းတဲ့အတွေးတွေ~
ခါတိုင်းလိုပဲ...သူပြန်လာမှာ......
အိမ်ရှေ့ထွက်ပြီး စောင့်ဦးမှပါ...
သူ...သေချာပေါက် ပြန်လာမယ်ဆိုတာ သိနေပေမယ့်လည်း...အတွေးတွေက...ကျွန်တော့်ကိုအမြဲ...ခြောက်လှန့်နေဆဲပဲ~
တစ်ခါတစ်ရံ...ဒီတိုင်းတူတူ နေထိုင်လာရင်းကနေ...
ကျွန်တော် ဖျက်ဆီးခဲ့မိတဲ့...သူ့စိတ်ကူးအိပ်မက် အချို့ကို...သတိရသွားနိုင်တယ်မလား...ဆိုးရွားတဲ့အရာတွေကို ဆက်တိုက် စီကာစဉ်ကာ လုပ်ခဲ့တုန်းက အချိန်တွေကို တွေးမိပြီး ကျွန်တော့်ကို မမြင်ချင်လောက်အောင် ခါးသက်မုန်းတီးစိတ်တွေ ပေါ်လာနိုင်တယ်မလား...

YOU ARE READING
TRAP
Fanfictionဟင့်အင်း~ ဘယ်ဟာက...အရင်စတင်ခဲ့သလဲ ကျွန်တော် မသိဘူး~သေချာတာက ကျွန်တော်တို့နှစ်ယောက် ထောင်ချောက်တစ်ခုထဲ ပိတ်မိရင်း... ကိုယ်တိုက်တဲ့ကျိန်စာ~ကိုယ်စီ ပြန်စူးခဲ့ကြတယ်