Your... Sin

13.9K 1.3K 23
                                    

"ထတော့...scheduleရှိတယ်~"

အကြားအာရုံထဲ ဝင်ရောက်လာတဲ့ သြရှရှလေသံနဲ့အတူ
ပါးကို ခပ်ဖွဖွ ဖြစ်ညှစ်ခံလိုက်ရတာမို့~မျက်လုံးတွေက...
အလိုဆန္ဒမပါပေမယ့်လည်း~သူ့အလိုလိုပွင့်လာမိတယ်

ကောင်ဆိုးလေး~သူများပါးကို

"ငါ...အိပ်ချင်သေးတယ်~Hun...ah"

"မအိပ်နဲ့တော့...ထ...press conရှိတယ်"

"အင့်...ဟင့်~ဘာလို့ သူများပါးကိုပဲ လာဆွဲနေတာလဲ?"

"ထတော့...ဆိုနေ"

"Hun...ငါ မထနိုင်ဘူး~ခါးကနာ..."

"ကဲ...တော်ပြီ...ချွဲပြမနေနဲ့တော့~"

မွေ့ယာပေါ်မှာ~အဝတ်ဗလာနဲ့...စောင်ပုံကြားထဲ ဆက်ပြီး ခွေချင်နေတဲ့~ကျွန်တော့်ကို...စွေ့ကနဲ နေအောင် ချီမလိုက်တယ်~

ဟက်~ဟက်~အမှန်တော့ ဒီယုန်မြင်လို့ ဒီချုံထွင်တာပါ
သူ...ပွေ့တာလေး ခံချင်လို့~
ဒီလောက်နဲ့များ အိပ်ရာက မထနိုင်တာမျိုးဆို...
ကျွန်တော့် ရာဇဝင်တောင် ရိုင်းလိမ့်ဦးမယ်~

*mwaks*

မနက်ခင်းရဲ့...သစ်လွင်မှုနဲ့...လတ်ဆတ်နေတဲ့ သူ့ပါးပြင်မှာ~ဒီနေ့အတွက်...ပထမဆုံးအနမ်းကို...
ကျွန်တော် တံဆိပ်ခတ်ပေးလိုက်တယ်...
အခုအချိန်ကစ...သူက ကျွန်တော့်အပိုင်လေ
အရင်ကလည်း ပိုင်ခဲ့သလို...အနာဂတ်မှာလည်း သူဟာ ကျွန်တော့်အတွက်ပါပဲ...

ခပ်နွေးနွေးအနေတော်ရေကို သူကိုယ်တိုင်စပ်ထားပေးတဲ့...Bath Tubထဲ
ကျွန်တော့်ကို ချပေးလိုက်ရင်း

"ရေနွေးစပ်ထားတယ်...တစ်ခါတည်း ရေချိုးလိုက်တော့~
ပြီးရင်...ပျားရည်ကိုသံပရာသီးနည်းနည်းညှစ်ထားတာရှိတယ်~အဲဒါလည်း နည်းနည်းသောက်လိုက်"

"ဘာလို့...သောက်ရမှာလဲ?မူးမှ မမူးတဲ့ဟာ"

"အားရှိအောင်လို့~စောစောစီးစီး မနက်စာ စားတတ်တာလည်း မဟုတ်ဘူး...
လုပ်ရမယ့်အလုပ်တွေနဲ့...နော်...
အဲဒါလေးတော့ သောက်...
ဆေးလိပ်တွေ ထပ်မသောက်နဲ့...
ခင်ဗျားအတွက် မကောင်းဘူး"

"အင်းပါ...ဒါပေမယ့်...အဟင်း
မင်းဆိုးရင်တော့ ငါက သောက်မှာပဲ~"

TRAPDonde viven las historias. Descúbrelo ahora