"Luhan...မင်းဟာက မဟုတ်တော့ဘူးနော်"rehearsalလုပ်ပြီး...ခဏအနားယူတာနဲ့...
စီးကရက်ကို...ထုတ်...မီးညှိပြီး...stage စင်ပေါ်
ခြေပစ်လက်ပစ်ထိုင်ချလိုက်တဲ့...ကျွန်တော့်ကို... ...Chenက...သဘောမတွေ့သလို ဆိုတယ်..."ဘာကိုလဲ?"
ကျွန်တော်...သူ့ ပြစ်တင် လေသံ ကြားထဲကပဲ...
မီးခိုးငွေ့တွေကို...အဆုတ်နဲ့အပြည့် ရှုသွင်းလိုက်ပြီး သူတို့ထဲက လေပြွန်တစ်လျှောက် လျှံတက်လာတဲ့ အနည်းအကျဉ်းကို...အသက်ရှုလမ်းကြောင်းကနေတစ်ဆင့်...တစိမ့်စိမ့်ပြန်ထွက်သွားစေရင်း...
မကြားလိုက်သလို...နားမလည်သလို ပုံစံနဲ့...
မေးခွန်းထုတ်လိုက်မိရဲ့......"မနက်ဖြန် သန်ဘက်ခါဆိုရင်ပဲ...showရှိနေပြီ...
ဘာလို့ ဆေးလိပ်တွေ သောက်နေတုန်းလဲ?...
မင်း...အမော ခံနိုင်မှာ မဟုတ်ဘူး"ကရုဏာဒေါသောနဲ့...Chenက...
ကျွန်တော့်ဘေးနား...ထိုင်ချလိုက်ပြီး...အိတ်ထဲက...
စီးကရက်ဘူးကို...လှမ်းယူဖို့ ကြိုးစားတယ်...
ကျွန်တော်...သူ့လက်တွေကို ခပ်သာသာ တွန်းဖယ်လိုက်ရင်း..."နေစမ်းပါ...Chenရာ...ငါ ဘာလုပ်ရမလဲ...
ငါ့ကိုယ်ငါ သိပါတယ်...""မလုပ်တာဘဲ...ရှိတာမလား..."
သူ့ရဲ့...ဘုဆတ်ဆတ်လေသံကို ကြားလိုက်ရပြီးတဲ့နောက် ခဏ တိတ်ဆိတ်သွားတယ်...
သူ...ဆေးလိပ်အနံ့ကို တကယ်မုန်းပေမယ့်...ကျွန်တော့် ဘေးနား ပေကပ်ပြီး ဆက်ထိုင်နေဆဲ..."အလုပ်နဲ့ ကိုယ်ရေးကိုယ်တာခွဲခြားစမ်းပါ...
ငါ့ကောင်ရာ...""သိလား Chen... ဒီထက်ပိုပြီးလည်း အလုပ်နဲ့ကိုယ်ရေးကိုယ်တာ ခွဲခြားရရင်...ငါ အသက်နဲ့...ခန္ဓာ အိုးစားကွဲလိမ့်မယ် "
တော်ပါပြီ...ဒီလောက်ထိ ခွဲခြားထားရင် တော်ရောပေါ့...
အခုတောင် အလုပ်လုပ်နေချိန်...
သူ...ဘယ်ထွက်သွားမှန်း မသိလိုက်နိုင်တာ...
လမ်းမထက်မှာ...မတော်တဆ တွန်းတိုက်မိတဲ့အခါ...
မျက်လုံးချင်းတွေ အကြည့်စုံရာက အကြည်ဆိုက်သွားနိုင်လား...ahh...ဖြစ်နိုင်ရင် အိမ်မှာ ကြိုးတုပ် တံခါးပိတ်ပြီး သော့ခတ်ထားခဲ့ချင်တာ...
YOU ARE READING
TRAP
Fanfictionဟင့်အင်း~ ဘယ်ဟာက...အရင်စတင်ခဲ့သလဲ ကျွန်တော် မသိဘူး~သေချာတာက ကျွန်တော်တို့နှစ်ယောက် ထောင်ချောက်တစ်ခုထဲ ပိတ်မိရင်း... ကိုယ်တိုက်တဲ့ကျိန်စာ~ကိုယ်စီ ပြန်စူးခဲ့ကြတယ်