" ငါ မင်းကို ချစ်လို့ .. "
Luhan နှုတ်ခမ်းပါးက ခါးခါးသီးသီး ရေရွတ်တော့ .. ကျွန်တော့် ရင်အစုံဟာ တဒိန်းဒိန်းခုန်လာတယ်...
သူ.. ကျွန်တော့်ကို ချစ်မိလို့ နောင်တရနေတာတော့ မဟုတ်ပါဘူးနော်...
ဖိကိုက်ခံရပါများတဲ့ နှုတ်ခမ်းပါးက ထုံကျိန်းစပ် လှပြီ..
" ဒါတွေ အားလုံး ငါမင်းကို ချစ်မိလို့ .. Oh sehun.."
သူ ကျွန်တော့်မျက်နှာတည့်တည့်ကို ပစ်ပေါက်လိုက်တဲ့ စာရွက် ကို ကျွန်တော် ဆွဲယူဖတ်လိုက်တော့..
* Xiao luhan .. သို့ ..ခြိမ်းခြောက်စာ * ဆိုပြီး အစချီထားတဲ့ စာရဲ့ နောက်မှာ ..
လူမဆန်အောင် ဆဲရေးတိုင်းထွာ ထားတာတွေ ..
မြင်လို့တောင် မကောင်းတဲ့ ပုံ Edit တွေ ...
တစ်ချို့ တစ်ချို့ အရာတွေဆို သွေးပျက်ဖွယ် . . ကောင်းလောက်အောင် ..
ဆက်တောင် မဖတ်ရဲလောက်အောင်....
* ငါ့တို့ Sehun ကို ပြန်ပေး သူခိုးကောင်!! *
* ငါ့တို့ Sehun ကို ပြန်ပေး သူခိုးကောင်!! *
* ငါ့တို့ Sehun ကို ပြန်ပေး သူခိုးကောင်!! *
* ငါ့တို့ Sehun ကို ပြန်ပေး သူခိုးကောင်!! *
ကျွန်တော် သူ့ မျက်နှာကို မော့ကြည့်တော့ သူ့နှုတ်ခမ်းပါးတွေ တဆတ်ဆတ်တုန်ရီနေတယ်...
"Lu.. "
" အဲ့ဒါ မင်းကြောင့် အရူးရဲ့ .. ဘာလို့ ချစ်မိရတာလဲ .. ဘာလို့ ရွေးချယ်ခဲ့ရတာလဲဟင် "
ကျွန်တော့် ရင်ဘတ်ကို တဖုန်းဖုန်းထုရင်း သူက ရှိုက်ကြီးတငင်ငိုကြွေးတယ်...
" တောင်းပန်ပါတယ်..."
ကျွန်တော် ခပ်တိုးတိုးလေးပြောရင်း သူ့ကို သိုင်းဖက်လာတော့ အားသိပ်မရှိတဲ့ သူ့ခန္ဓာကိုယ်သေးသေးလေးက ရင်ခွင်ထဲရောက်လာတယ်..
YOU ARE READING
" Love Is Fake " [ Completed ]
RandomWho says love is fake?? Now, I will show you what's love is Fake ! Read this!! အချစ်က အတုအယောင်ပါ လို့ စွပ်လို့ စွဲချင်နေသူတွေ ကိုယ်တိုင်ကိုယ်ကျ Love is fake ဆိုတဲ့ စကားလုံးကို အရှိုက်ခက်ခက် မုန်းရစေ့မယ်~