" Hun . . Hun ရော ? "
တိုးညင်းလှတဲ့ ကျွန်တော့် အမေးသံကြောင့် ခေါင်းငိုက်စိုက်ချရင်း ငိုက်နေတဲ့ Xing . .ခေါင်းထောင်လာတယ်. .
" ဘယ်သူ? "
" Hun .."
သူ့နာမည်လေးကို ကျွန်တော်က အမြတ်တနိုးထား အဖျားဆွတ်ခေါ်လိုက်ပေမဲ့. . Xing မျက်နှာမှာတော့ စိတ်နာမှု အရိပ်အယောင်တွေ . .
" အဲ့ကောင်ကို မေ့ပစ်လိုက်တော့ . . Luhan "
ဘုရားရေ ?
ကျွန်တော် ချစ်ရတဲ့ သူ့ကို ဘယ်လိုများ သုံးနှုန်းလိုက်ပါလိမ့် . . .
" ကိုယ့်ချစ်သူက သေလုနီးပါး ဖြစ်နေတာတောင် အေးအေးဆေးဆေး နေနိုင်လွန်းတဲ့ အကောင် ! သူ အရင်သေသင့်တယ်! "
ဟင့်အင်း . . .
Hun ကို အဲ့လိုကြီး မပြောလိုက်ပါနဲ့ . . .
" အကြင်နာပိုပြမနေနဲ့ . . Luhan . . မင်းကို သူက တကယ်မချစ်ဘူး . . အလကားကောင် "
နင့်နဲလှတဲ့ Xing ရဲ့ မှတ်ချက်တွေက ကျွန်တော့်ရင်ထဲစူးခနဲဝင်သွားပြန်တယ်~
ကျွန်တော် . . ဒီထက်ပိုပြီး အားအင်သာ ရှိခဲ့ရင် Lu သိပ်ချစ်တဲ့ Hun ကို အာ့လို မပြောပါနဲ့လို့ အော်ဟစ်မိမှာ~
ဟုတ်သည်လေ~
Hun . . ကျွန်တော့်ကို သိပ်ချစ်တာ ကျွန်တော် အသိဆုံး~
" Hun ကို တစ်ယောက်တည်း ပစ်မထားပါနဲ့ . . သူ လည်း ပင်ပန်းနေမှာ ~ "
" ကျွတ် ~ မင်း မသိဘူးလား . . Xiao luhan . . မင်းက သူ့ကို ပိုပို ချစ်ပြ အကဲပိုပြလေလေ . . ငါတို့က သူ့ကို ပိုပို မုန်းတီးမိလေလေပဲ~ "
မဖြစ်ရပါဘူး ~
ဘာလို့ Hun ဘက်ကို မတွေးပေးကြလေသလဲ huh? ~
သူ့ကို အသိမပေးပဲ ဇွတ်တရွတ်ထွက်လာခဲ့တာနဲ့ တင် ကိုယ့်ကိုကိုယ် အပြစ်တင်မ၀ဖြစ်ပြီး . . မုန်းလှပြီ~
" ဘာမှမတွေးနဲ့ အနားယူလိုက် အိပ်တော့ . . "
Xing က ကျွန်တော့်ကို လေပြေလေးနဲ့ ပြောပြီး စောင်ကို ရင်ဘတ်ထိ ဆွဲခြုံ ပေးတယ်. . .
YOU ARE READING
" Love Is Fake " [ Completed ]
RandomWho says love is fake?? Now, I will show you what's love is Fake ! Read this!! အချစ်က အတုအယောင်ပါ လို့ စွပ်လို့ စွဲချင်နေသူတွေ ကိုယ်တိုင်ကိုယ်ကျ Love is fake ဆိုတဲ့ စကားလုံးကို အရှိုက်ခက်ခက် မုန်းရစေ့မယ်~