" Take care.. "

3K 365 48
                                    

" ဖြေရှင်းချက်ပေး.. "

နှုတ်ခမ်းလွှာ နှစ်ခုကို တင်းတင်းစေ့ထားတဲ့ Hun က တိတ်ဆိတ်မှုကို အလိုမကျသလို မျက်မှောင်ကြုပ်ရင်း မေးတယ် ...

ကျွန်တော် ကတော့ သက်ပြင်းတစ်ချက်ရှိုက်လိုက်ရင်း ..ဟန်မြစ် ကို ပဲ ငေးနေမိတယ်လေ ..

* ဘာကို ဖြေရှင်းရမှာလဲ .. *

" မချစ်လို့ မချစ်ဘူး ပြောတာ ဖြေရှင်းချက်လိုအပ်သလား .. hun.."

ကျွန်တော့် စကားကြောင့် သူ့ဆီက စူးရဲရဲ အကြည့်တွေ ရောက်လာတယ်..

ဟန်မြစ်ကို ကျော်ဖြတ်လာတဲ့ လေနုအေးအေးကလေးဟာ .. ကျွန်တော် နဲ့ Hun ကြား မစာမနာ ဖြတ်တိုက်သွားလေရဲ့...

" လိုအပ်တာပေါ့.. Xiao luhan.."

သူ့နှုတ်ခမ်းပါးလေး မြောက်တက်သွားတာက အစ .. ကဗျာဆန်လိုက်တာ ..နော်..

ကျွန်တော် တဟက်ဟက်ရယ်ချလိုက်ရင်း .. ဟန်မြစ်ကို ပြန်ငေးလိုက်တယ်..

" မြစ်ကမ်းဘေး မှာ ထိုင်ရင်း Soju သောက်ရတာမှ တကယ့် romantic ဆန်တယ် တဲ့ .. သိလား "

သိသိသာသာကြီး လွှဲလိုက်တဲ့ ကျွန်တော့် စကားကြောင့် Hun မျက်ခုံးလေး ပင့်သွားတယ်..

" အင်း .. ဟုတ်မှာပါ . .Hun ကတော့ Wine သောက်ရတာ ပိုကြိုက်တယ်.."

" Hyung . . မနက်ဖြန် China ပြန်မယ် .."

ဖြတ်ပြောလိုက်တဲ့ ကျွန်တော့် စကားကြောင့် Hunက ကျွန်တော့် မျက်ဝန်း ကို အကြာကြီး စိုက်ကြည့်တယ်...

*လှိုက်ခုန်နေဆဲ ရင်အစုံဟာ တုန်ရီပြို ကွဲစွာဖြင့် ..*

သူ နှုတ်ခမ်းက ခပ်မဲ့မဲ့ အပြုံး တစ်ခုဟာ တလက်လက်လင်းသွားတယ် ...

" ထွက်ပြေးပြန်ပြီ .. Xiao luhan.."

" အင်းနော် .. အဲ့လိုပဲ ဖြစ်သွားပြန်တယ်.."

ကျွန်တော် ခပ်တိုးတိုးပြောရင်း ခန္ဓာကိုယ်ကို သဲသောင်ပေါ်လှဲချလိုက်တယ်...

" သတ္တိနည်းတယ် ..Xiao luhan.."

Hun ဆီက စကားအဆုံးမှာ.. ကျွန်တော့်မွန်းကြပ်မှုတွေဟာ ဒီဂရီ ဆုံးထိ မြင့်တက်နေပေါ့..

" Love Is Fake " [ Completed ]Where stories live. Discover now