Love is....

2.8K 336 55
                                    

" အချစ် .. အချစ်ဆိုတာ.. "

Baek က မျက်မှောင်ကြီး ကြုပ်ရင်း မီးဖိုချောင်ထဲမှာ ဟင်းချက်ရင်း ကလူကျီစယ်နေတဲ့ Hunhan အတွဲကို ငေးကြည့်ရင်း .. တိုးတိုးလေးရွတ်တယ်..

" နာကျင်မှု .. "

ကျောဘက်က အသံတစ်သံကြောင့် Baek အလန့်တကြားလှည့်ကြည့်မိတော့ ..

သူထိုင်နေတဲ့ ဆိုဖာပေါ်ဝင်ထိုင်လာတဲ့ Chanyeol ရယ်ပါ ..

"အချစ်က နာကျင်မှု...အရမ်းလှပတဲ့ နာကျင်မှု "

Chanyeol ရဲ့ ခပ်သိမ့်သိမ့်လေး ထွက်လာတဲ့ အဖြေကြောင့် Baek မျက်ခုံးလေးတွေ ကွေးညွတ်သွားပြန်တယ်..

တွေဝေနေတဲ့ သဘော ..

ငြင်းဆိုချင်တဲ့ သဘော ..

အလိုမကျတဲ့ သဘော ..

ချစ်ရသူ ရဲ့ အတွေးလွန်နေမှု ကို အသည်းယားလာတဲ့ Yeol က Baek ပါးလေးကို မနာအောင် ဆွဲညစ် လိုက်ရင်း ..

" စိတ်မပူပါနဲ့ .. Baek ရယ် .. အချစ်က နာကျင်ရရင်တောင် .. သူ့ရဲ့ အလှတရားထဲမှာ မြောနေလို့ သိပ်ပြီး ခံစားရမှာ မဟုတ်ဘူး ရယ်.. "

Chanyeol ရဲ့ ခပ်ရှုပ်ရှုပ် ရှင်းပြချက်ကို Baek က ခေါင်းရှုပ်စွာဖြင့် . .

" မသိတော့ဘူးကွာ " ဆိုပြီး မျက်မှောင်လေးချိုးရင်း သူ့ဘက်ကို မျက်စောင်းလှမ်းထိုးပြန်တယ်..

ပြီးမှ စူပွပွ အသံလေးနဲ့ ..

" ဟော့ဒီက ပတ်ချန်း ဆိုတဲ့ လူကြီးဟာလေ.. ပြောလိုက်ရင် လူ နားလည်အောင်ကို မပြောဘူး .. ဟွန့် "

ကောင်သေးသေးလေးက မျက်စိရှေ့မှာ အူယားစွာ ရန်ထောင်နေပြန်တော့ ပတ်ချန်း တို့ ပြုံးမိပြန်ပြီ...

" Arshi .. ဒီကောင်လေးတော့.. "

Baek ခေါင်းလေးကို ဆွဲဖွလိုက်တော့ အသေးလေးက နှုတ်ခမ်းလေး စူနေပြန်ပါရောလား ..

စိတ်ကောက်ချင်ယောင်ဆောင်နေတဲ့ အသေးလေးကို ဆွဲဖက်ပြီး ကြည်နူးမယ်အလုပ်..

" အဟွတ် !!!!!.. အဟွက် !!!!... အဟိုးးး!!!! .. အဟိုးးး!!!...အဟေးးးး!!! .. အဟေးးး ..!!!!! "

" Love Is Fake " [ Completed ]Where stories live. Discover now