" We broke up "

3.2K 382 58
                                    

မနက်​ခင်း တစ်​ခု ထပ်​တိုးလာလို့ မင်း မျက်​လွှာ နုနု​လေး ​မှေးစင်းပြီး အချိန်​​ပေး နိုးထလာရတဲ့အခါ ..

မင်း ရဲ့ ​ဘေးမှာ .. Hyung ဆိုတဲ့ အ​ငွေ့အသက်​​လေး မ​တော်​မဆ ကျ​ပျောက်​ခဲ့ရင်​​..

လိုက်​လို့ မရှာပါနဲ့...​နော်​ .. Hun..

::::::::::::::::::::::::::::::::::::::::::::::::::

" အင့်​ .. နည်းနည်း​တော့ လွှတ်​ပါဦး .."

ကျွန်​​တော့်​ ခါးကို ​နောက်​က​နေ ဇွတ်​ဖက်​ထားတဲ့ hun လက်​ကို ခပ်​ဖွဖွ ပွတ်​ရင်း လွှတ်​​ပေးဖို့ ​ပြော​တော့ ..

ကိုယ်​​တော်​​ချောက ပိုလို့ ​တောင်​ ခပ်​တင်းတင်း ဖက်​ရင်း ..

" ခန​လေး ပါဆို ..5 min .. 5min .."

ကျွန်​​တော့်​ ပခုံး​လေးကို ဖိနမ်းရင်း ခပ်​တိုးတိုးဆိုလာတာ​ကြောင့်​ ကျွန်​​တော်​ သူဖက်​ရတာ အဆင်​​ပြေ​အောင်​ ခန ငြိမ်​​ပေးလိုက်​တယ်​...

" Hun.. ဟင်းအိုးတူး​တော့မယ်​ သိလား ..​တော်​ပြီ လွှတ်​​တော့ .."

ကျွန်​​တော်​ သူ့လက်​ထဲက ဇွတ်​ရုန်းရင်း ထွက်​မယ်​လုပ်​လိုက်​​တော့ သူက ဆတ်​ခနဲ ဟင်းအိုးမီးခလုတ်​ကို ပိတ်​ချရင်း ..

" Omma ya~~ "

ကျွန်​​တော့်​ ခန္ဓာကိုယ်​ကို ​ဆွေ့ခနဲ ​ဆွဲ​ပွေ့လိုက်​တာများ .. တကယ့်​ကို အရုပ်​​လေး အတိုင်း ..

" Hun... လွှတ်​ဆို ...Hun !! "

ရုန်းရင်း ကန်​ရင်း ကျွန်​​တော့်​ ​ခြေ​ထောက်​မှာ စွပ်​ထားတဲ့ အိမ်​​နေရင်း ​ခြေစွပ်​ဖိနပ်​​လေးလည်း ဟိုတစ်​ဖက်​ သည်​တစ်​ဖက်​လွင့်​လို့ ..

ကျွန်​​တော်​ မရပ်​မနား ထုရိုက်​​နေတဲ့ သူ့ရင်​ခွင်​ကျယ်​ကြီးဆီက ရင်​ခုန်​သံ​တွေ တဒိန်းဒိန်း ခုန်​လှုပ်​​နေ​တော့ ကျွန်​​တော်​ ရိုက်​​နေတဲ့ လက်​​တွေ ကို ရုတ်​လိုက်​မိတယ်​..

* ခုန်​လှုပ်​​နေတဲ့ နှလုံးသား​လေး ကျွန်​​တော့်​ကို ငြိုငြင်​သွားမှာ စိုးရိမ်​တယ်​​လေ *

" Love Is Fake " [ Completed ]Where stories live. Discover now