" Hun ~ ဘာဆေးတွေလဲ "
ကျွန်တော် သူ့ အိပ်ယာခြေရင်းမှာ ကျနေတဲ့ ဆေးဘူးလေးကို တောင်ကြည့်မြောက်ကြည့် လုပ်တော့ သူက ဖတ်ခနဲ ပြန်ဆွဲယူလိုက်ရင်း~
" Arshii ~ ဘာလုပ်တာလဲ ~ သူများ ပစ္စည်းတွေကို မထိစမ်းနဲ့ ~ "
သူများပစ္စည်း?
နင့်သီးလိုက်တဲ့ စကားလုံးပါလား ~ Oh Sehun ရယ် ~ Lu တို့ကလေ မဆိုင်သူတွေမှ မဟုတ်ခဲ့ကြတာ ~
"အဟမ်း ~ ပြော ~ အခန်းထဲ ဘာလာလုပ်တာလဲ ~ "
ဆေးဘူးကို သူ့အိပ်ကပ်ထဲ ထည့်သိမ်းလိုက်ရင်း ကျွန်တော့်ကို ချောင်းတစ်ချက် ဟန့် မေးတော့ ~
" ရာသီဥတု အေးနေလို့ စောင်အလုံအလောက်ရှိလား လာမေးတာပါ ~ "
" အော် ~ "
သူက ခပ်တိုးတိုးလေး ရွတ်ရင်း မျက်နှာကို တစ်ဖက်လွှဲသွားပြန်တယ်~
ဟူး ~
သူ့ဆီက ကျောခိုင်းခံရမှုကို ဘာလို့ အခုကျမှ အဆန်းတ၀င့် နာကျင်နေမိမှန်း ကိုယ့်ကိုကိုယ် မသိ~
" စောင် မလိုလောက်ပါဘူးလေ~ ရပါတယ် ~ ကိုယ့်အခန်းကိုယ် ပြန်တော့ ~ "
ခပ်ရှရှလွင့်လာတဲ့ သူ့အသံက ကျွန်တော့်ရဲ့ တည်ရှိမှုကို မနှစ်မြို့နေတာ အသိသာကြီးရယ်~
ထားပါလေ~
တစ်အိမ်တည်း အတူနေပြီး ဒီလူနှစ်ယောက်ရဲ့ ဆက်ဆံရေးက မေးထူးခေါ်ပြော လုပ်တာကလွဲရင် တရင်းတနှီးမရှိတော့တာ ကြာပြီ~
အော် ~ သူများ တွေများကြားရင် တစ်ချိန်က သိပ်လိုက်ဖက်တဲ့ သူနှစ်ယောက်ရဲ့ အချစ်က အဆန်းတကြယ်ပါလား ဆိုပြီး လှောင်ရယ်ကုန်တော့မယ်~
hun ရယ်~
ကိုယ်တို့ နှစ်ယောက်ရဲ့ အချစ်ကို စိတ်ကစားမှု သက်သက်ပါဆိုတဲ့ ခေါင်းစဉ်အောက်ကို အထည့်မခံနိုင်သလို ~
ရွံစရာကောင်းပြီး အတ္တကြီးကြလေတဲ့~ အချစ်လို့လဲ အသတ်မှတ်မခံရချင်ပါဘူးလေ~
အပြစ်လွတ်အောင် လျောက်တင်ကြကြေးဆိုရင်~
ကိုယ်တို့ အချစ်က ~ တစ်ခနတာသက်သက် ကျွတ်ဆတ် အေးခဲသွားတာပါလို့ ကိုယ် ကာကွယ်ချင်တယ်~
YOU ARE READING
" Love Is Fake " [ Completed ]
RandomWho says love is fake?? Now, I will show you what's love is Fake ! Read this!! အချစ်က အတုအယောင်ပါ လို့ စွပ်လို့ စွဲချင်နေသူတွေ ကိုယ်တိုင်ကိုယ်ကျ Love is fake ဆိုတဲ့ စကားလုံးကို အရှိုက်ခက်ခက် မုန်းရစေ့မယ်~