" Ar .. "
ခေါင်းက ဆစ်ခနဲ ခံစားမှုနဲ့ အတူ ~ မျက်လုံးက မပွင့်ချင် ပွင့်ချင် နိုးလာတော့~ ခါးမှာ နင့်နင့်နဲနဲ ဖက်တွယ်ထားတဲ့ လက်နုနု လေးကို လက်က အလိုလို ထိမိတယ်~
Lu?
ကျွန်တော့် ရင်ခွင်ထဲမှာ မှီခိုနေတဲ့ ဖြူ နင့်နေတဲ့ ကောင်ငယ်လေး~
" Lu ~ "
" Hmmm "
သူ့ပုခုံးလေး လှုပ်နှိုးမိတော့ ~ အသည်းယားစရာ အဲ့ကောင်လေးဟာလေ ကျွန်တော့်ရင်ခွင်ထဲ ပိုတိုးလို့ ၀င်ရင်း တင်းတင်းဖက်ထားလေရဲ့~
" ကောင်စုတ်လေး ~ မူးနေတဲ့ လူကို အသားလာယူနေတယ်~ "
အိပ်ပျော်နေတဲ့ သူ့ ကို ပြန်ထွေးပွေ့လိုက်ရင်း နဖူး လေးကို တစ်ချက်ခပ်ဖွဖွ အနမ်းပေးမိပြန်တယ်~
ကော့စင်းနေတဲ့ မျက်တောင်နက်ကလေးတွေ~ ဖြူ ဥနေတဲ့ သူ့ အသားအရည်လေး က အစ ~ ဆိုးဆေးအကူမပါပဲ ရဲနေတဲ့ သူ့ နှုတ်ခမ်းဖျားလေး အဆုံး~
Oh sehun ရဲ့ ရင်ကို တုန်လှုပ်ခြောက်ခြား စေပြန်ပါတယ်လေ~သိပ်လှရက်နိုင်လွန်းလို့ မှန်ဘောင်ကန့်ပြီး အပြီးပိုင် သိမ်းထားချင်တယ်~ဖြစ်မလား ~
ဟုတ်တယ်လေ~ တခြားလူတွေ တွေ့သွားလို့ သူမှသူ ဆိုပြီး~ တန်းတန်းစွဲ အရူးတစ်ပိုင်း ဖြစ်ကုန်ကြရင် ဘယ်လိုလုပ်မတုန်း ~
စိတ်မချနိုင်လိုက်တာ ~ ကလေးရယ် ~
" မင်း အလှတွေကို တစ်ခြားသူ မြင်သွားမှာစိုးလို့ တစ်ခါတစ်ခါ မင်းကို ကိုကိုယ်တိုင် ဖျက်ဆီးပစ်ချင်တယ် ပန်းချီကားလေးရယ် ~ "
မင်း မျက်ရည်ဟာ ကိုယ့် အတွက်~
မင်း နာကျင်မှုဟာလည်း ကိုယ့် အတွက် ~မင်း ရယ်မောသံဟာလည်း ကိုယ့် အတွက် ~
မင်း အပြုံးလေးကလည်း ကိုယ့် အတွက်~မင်း ဒေါသလေးကလည်း ကိုယ့် အတွက် ~
မင်း ကြောက်ရွံ့မှုလေးကလည်း ကိုယ့် အတွက်~မင်း နှုတ်ခမ်းလေး~
မင်း မျက်ခုံးလေး~မင်း မျက်လုံးလေးတွေ~
မင်းရဲ့ လက်နုနုသွယ်သွယ်လေး~
YOU ARE READING
" Love Is Fake " [ Completed ]
RandomWho says love is fake?? Now, I will show you what's love is Fake ! Read this!! အချစ်က အတုအယောင်ပါ လို့ စွပ်လို့ စွဲချင်နေသူတွေ ကိုယ်တိုင်ကိုယ်ကျ Love is fake ဆိုတဲ့ စကားလုံးကို အရှိုက်ခက်ခက် မုန်းရစေ့မယ်~