"ဒါနဲ့ Seoul ကို ရောက်တာ ပထမဆုံး အကြိမ်ပဲလား ? "
သူ့ အမေးကို သူ့ရှေ့မှာ Coffee ခွက်ထဲ သကြားတွေ အများကြီးထည့်ပြီးမွှေနေတဲ့ နိုင်ငံခြားသားရုပ်နဲ့ လူက ခေါင်းငြိမ့်ပြရင်း
"အင်း Seoul က ဒီလောက်လူရှုပ်မှန်း မသိခဲ့ဘူး "
သူက ပြောလတ်စ စကားကို ခနရပ်လိုက်ပြီး Coffee တစ်ချက်ငုံ့သောက်တယ်. . ပြီးတော့ မကြိုက်သလို မျက်နှာမဲ့လိုက်ရင်း သကြားတွေ အများကြီး ထပ်ထည့်ပြန်တယ်~
သူ စိတ်တိုင်းကျ မွှေပြီးမှ Coffee ကို တစ်ချက် ထပ်ငုံသောက်လိုက်ရင်း ~
" ပြီးတော့ Oh Sehun ကိုလည်း ဒီလောက်ကျော်ကြားမှန်း မသိခဲ့တာတော့ အမှန်ပဲ~ "
" ဟက် . . ထားပါ ~ ဒါနဲ့ ကျွန်တော် မေးစရာတစ်ခုရှိတယ် .. John "
" အင်း . . မေး "
John က ကျွန်တော့် စကားကို ခေါင်းဆတ်ပြပြီး သူ့ရဲ့ သကြားတွေအပုံလိုက်နဲ့ ချိုပျစ်နေမဲ့ coffee ကို ငုံ့သောက်ပြန်တယ်~
ကျစ် ~ စိတ်ပျက်စရာကောင်းတဲ့လူ ~
" ခင်ဗျားက ဘာလို့ ကျွန်တော့်ကို လာကယ်ရတာလဲ ~ တကယ်ဆို ကျွန်တော့်ကို ခင်ဗျားက သေလောက်အောင် အမြင်ကပ်နေတာလေ~ "
" ငါက ဆရာဝန် မို့ "
John က ကျွန်တော့် အမေးကို မထူးဆန်းသလို ခပ်တိတိ ပြန်ဖြေတယ်~
ကျွန်တော့် ဘက်က အကြာကြီးငြိမ်နေတော့မှ . . သူ ငုံ့သောက်နေတဲ့ Coffee ခွက်ကို ဖြည်းဖြည်းချင်း ပြန်ချလိုက်ရင်း ~
" မင်းတင်မဟုတ်ဘူး ငါ့ကို ဒုက္ခရောက်အောင်လုပ်တဲ့ လူဆိုလဲ ငါက ကယ်ရမှာပဲ ~ ငါ့တာဝန်လေ~ "
" အဲ့လို ငဲ့ညှာမှုတွေ များတဲ့ ဘဝကို ကျွန်တော် တကယ် သဘောမကျတာတော့ အမှန်ပဲ "
" အင်း ~ လူတိုင်းပဲ "
ကျွန်တော့်စကားကို John က ထောက်ခံသလို ခေါင်းငြိမ့်ပြရင်း သူ့ရဲ့ သကြားပလပျစ်နဲ့coffee ကို ငုံ့သောက်ပြန်တယ်~
YOU ARE READING
" Love Is Fake " [ Completed ]
RandomWho says love is fake?? Now, I will show you what's love is Fake ! Read this!! အချစ်က အတုအယောင်ပါ လို့ စွပ်လို့ စွဲချင်နေသူတွေ ကိုယ်တိုင်ကိုယ်ကျ Love is fake ဆိုတဲ့ စကားလုံးကို အရှိုက်ခက်ခက် မုန်းရစေ့မယ်~