သူ့ အတွက် မနက်ဖြန်ဟာ အချစ်နဲ့ စတင်နိုးထမယ်ဆိုရင် ...
ကျွန်တော်ဟာ အချစ်ဆိုတဲ့ စိတ္တဇ နာမ်လေးမှာ ကပ်ပါးလေး ခို နေတဲ့ ..
အနမ်း တစ်ပွင့် ဖြစ်မှာပေါ့လေ...
~~~ ®®®®®®®~~~~
လင်း နေတဲ့ Ph screen မျက်နှာကို ပိတ်ချလိုက်ရင်း ကျွန်တော် သက်ပြင်းတစ်ချက်ရှိုက်လိုက်တော့.. ဘေးနားမှာ အိပ်နေတဲ့ Hun က တလူးလူးလွင့်လွင့်နိုးလာရင်း ..
" Ph တစ်လုံးနဲ့ အမြဲအလုပ်ရှုပ်နေတာပဲ Mr.Xiao luhan .."
ကျွန်တော့်နှုတ်ခမ်းပေါ် အနမ်းတစ်ပွင့် ခြွေချရင်း တပျစ်တောက်တောက် ပြောနေတဲ့ Hun မျက်နှာလေးကို ကျွန်တော် အကြောင်းမဲ့ ငေးနေမိတယ်...
" အင်း ဘာတွေ တွေးနေတာလဲ ပြောပါဦး "
ကျွန်တော့် ခန္ဓာကိုယ်ကို သိုင်းကျုံးဖက်လိုက်တဲ့ သူ့ရင်ခွင်ဟာ နွေးထွေးလိုက်တာ..
မပြောင်းလဲတဲ့ သူ့ရဲ့ ယောက်ျားပီသတဲ့ ကိုယ်သင်းရနံ့လေးက Xiao luhan ကို မပစ်ရက်အောင် ဆွဲဆောင်နေတယ်...
ဖြူ ဥ နေတဲ့ သူ့ ရင်ခွင်ကျယ်ကြီး ထဲ Six pack တွေကို ကျွန်တော်လက်နဲ့ ဖွဖွလေး ထိရင်း ရယ်တော့ ..
" ကျွန်တော်မျိုးခန္ဓာကိုယ် ကို ကစားစရာ မှတ်နေပါသလား သခင်လေး xiao ရေ.."
သူ ပြောမှ ကျွန်တော် မျက်စိတစ်ဖက် မှိတ်ပြကာ .. အကဲပိုလုပ်ပြလိုက်ရင်း.. သူ့ ဗိုက်ကို ကိုက်ထည့်လိုက်တယ်...
" အားး.. အ...ရှောင်သခင်လေး..Lu.. mr.xiao luhan .. ကျွန်တော် မျိုးက စားစရာမဟုတ်ဘူးလေဗျာ .."
" စားလို့ မရဘူးလား .."
ကျွန်တော် အူလည်လည်လုပ်ရင်း မေးတော့ ကိုယ်တော်ချောက နတ်ဆိုး အပြုံးကြီး ပြုံးပြရင်း ..
YOU ARE READING
" Love Is Fake " [ Completed ]
RandomWho says love is fake?? Now, I will show you what's love is Fake ! Read this!! အချစ်က အတုအယောင်ပါ လို့ စွပ်လို့ စွဲချင်နေသူတွေ ကိုယ်တိုင်ကိုယ်ကျ Love is fake ဆိုတဲ့ စကားလုံးကို အရှိုက်ခက်ခက် မုန်းရစေ့မယ်~