" မသွားပါနဲ့လို့ အားလုံးက တားရင်လည်း ဇွတ်ထွက်သွားမှာပဲလား .. Xiao luhan ရဲ့ မူအတိုင်းလေ... "
ကျွန်တော့်ရှေ့ကို Coffee တစ်ခွက်လှမ်းပေးရင်း စကားဆိုလာတဲ့ .. ခပ်ချောချော ကောင်မလေး တစ်ယောက် ..
ကျွန်တော် .. သူမ ကို ခပ်တွေတွေ မော့ကြည့်လိုက်ရင်း ..
" မင်း က ဘယ်သူလဲ .. "
သူမ ပုခုံးတစ်ချက်ကို တွန့်ပြလိုက်ရင်း ..
" ရော့ .. ရှင် ကြိုက်တဲ့ ..Amerciano ပါ .. mr.Deer . ."
ကောင်မလေးရဲ့ အခေါ်အဝေါ်ကြောင့် တဟက်ဟက်ရယ်မိလိုက်တော့ .. သူမ က ကျွန်တော့်ကို တမေ့တမော ငေးကြည့်ရင်း ..
" Oh Sehun ရဲ့ အသည်းနှလုံး ဟာ ရှင် ဖြစ်နေတာ မဆန်းပါဘူးလေ . . ရှင် က မထိရက်မကိုင်ရက်လောက်အောင် သိပ်ချောတာကိုး "
ထူးဆန်းတဲ့ ထို မိန်းကလေးကို မျက်မှောင်ကြုပ်ကြည့်မိရင်း ..
" မင်း က ဘာလဲ .. ဘယ်သူလဲ .. "
"ကျွန်မ နာမည်က Suhan .. Kim Suhan .. လက်ရှိအလုပ်က ရှင့်ရဲ့ manger "
" ဘာရယ် .."
" အော် .. ပြီးတော့ ကျွန်မက HunHan HC နော် .. "
သူမက ခပ်ထေ့ထေ့ပြုံးပြရင်း ကျွန်တော့်ရှေ့ကို coffee ခွက်တိုးပေးတယ် ..
" သောက်လိုက်ပါဦး .. My Idol "
" မှားနေပြီ .. Suhan... ကျွန်တော်က အခု Idol လည်း မဟုတ်တော့ဘူး .. ပြီးတော့ ကျွန်တော်ကလည်း manger မလိုဘူး .. "
" Sry ပါ Mr.Xiao lu .. ကျွန်မကလည်း .. အလုပ်တစ်ခုကို လက်ခံပြီးရင် အဆုံးထိ လုပ်တတ်တဲ့ သူပါ.. "
" အလုပ်ကို လက်ခံတယ် ?? မင်းကို ဘယ်သူက ငါ့ရဲ့ manger ခန့်လိုက်တာလဲ .."
ကျွန်တော့်အမေးကြောင့် သူမ က ခပ်ဖွဖွလေး ပြုံးတယ် ..
" Oh sehun လေ .."
" ဘာ! "
ကျွန်တော် တအံ့တသြဖြစ်နေတော့ သူမ က တစ်ချက်ပြုံးလိုက်တယ် ..
YOU ARE READING
" Love Is Fake " [ Completed ]
RandomWho says love is fake?? Now, I will show you what's love is Fake ! Read this!! အချစ်က အတုအယောင်ပါ လို့ စွပ်လို့ စွဲချင်နေသူတွေ ကိုယ်တိုင်ကိုယ်ကျ Love is fake ဆိုတဲ့ စကားလုံးကို အရှိုက်ခက်ခက် မုန်းရစေ့မယ်~