Fake ..??

2.4K 292 29
                                    

" အ "

ဖျတ်ခနဲ ဖိတိုက်ခံရလို့ ပခုံးသားဟာ အနည်းငယ် နာကျင်ပြီး ပွန်းပဲ့သွားသလို ခံစားလိုက်ရတယ်..

" Ah.. Excuse me .. That's my fault .. Sorry .. "

ကျွန်တော် မျက်နှာမဲ့ပြီး ပုခုံးကို နာကျင်တာ ပြေလိုပြေငြား ပွတ်ချေလိုက်တော့ တစ်ဖက်က လူဟာ ခါးကျိုးမတက် ခါးညွတ်ပြီး တောင်းပန်ရှာတယ်..

" It 's ok .. my fault too.."

တစ်ဖက်လူကို အလိုက်သင့်ပြုံးပြရင်း လှည့်ထွက်လာတော့ ကျွန်တော် မရင်းနှီးတဲ့ မိုးပေါ်တိုက်တွေဟာ.. အသင့် စောင့်ကြို နေကြတယ်...

" French .. "

လက်နှစ်ဖက်ကို ဆန့်ပြီး အသက်ကို ၀အောင် ရှူ သွင်းလိုက်တော့ အေးစက်မှုဟာ အလုံးအရင်းပါလား ..

" ပြင်သစ်ရဲ့ ဆောင်းရာသီက အရမ်းဆိုးတာပဲ.. arshii .. အေးတယ်.. "

နွေးလိုနွေးငြား ခန္ဓာကိုယ်ကို ကျုံ့ပြီး အနွေးထည်ကို ရင်ဘတ်ထိ ဆွဲစိမိလိုက်ပေမဲ့ ..

ဝတ်ထားတဲ့ ဆွယ်တာပါးပါးလေးဟာ အအေးဒဏ်ကို အံတုဖို့ ဝေလာဝေးပါလေရော..

နီးစပ်ရာ ခုံတစ်ခုံမှာ နေရာယူ ၀င်ထိုင်လိုက်ရင်း လေယာဉ်စီးတုန်းက ပိတ်ထားမိတဲ့ Ph ကို ဖွင့်လိုက်တော့...

ထောင်ကျော်လောက်တဲ့ Message တွေ Phone အ၀င် call တွေဟာ တဖျတ်ဖျတ် ပြုတ်ကျလာပြန်တယ်...

*ခင်ဗျား အခုချက်ချင်း ပြန်လာခဲ့ ..*

* hunတောင်းပန်ပါတယ်နော် .. hun ဆီက ထွက်မပြေးပါနဲ့နော် Lu . *

* ထွက်ပြေးလို့ လွှတ်မယ်ထင်လား Xiao lu*

*ခင်ဗျားကို ကျွန်တော်လိုက်ရှာမှာ .. ကမ္ဘာ့ အဆုံးထိ မြေလှန်ရှာမှာ ..*

*ဘယ်မှာလဲ ..Lu ရယ် .. Hun ဘာအမှားလုပ်မိလို့လဲဟင် *

* ချစ်တယ်.. ချစ်တယ်.. *

*ခင်ဗျားကြီးရယ် .. တကယ်ထွက်မသွားဘူးမလားဟင် *

* ပြန်လာနော် .. hun စောင့်နေမယ် *

* Xiao luhan ခင်ဗျားက လူလိမ် ..လူလိမ်ကြီးးးးး "

message တစ်စောင်တိုင်းဟာ .. ကျန်ရစ်ခဲ့တဲ့ ကျွန်တော့် ချစ်ရသူ ရဲ့ စိတ်အခြေအနေကို ဖွင့်ဟနေလေရဲ့လေ..

" Love Is Fake " [ Completed ]Where stories live. Discover now