Huh? Did you??

2.4K 367 90
                                    

" Luhan .. နိုးလာပြီလား .. "

ကျွန်တော့် မျက်လုံးအစုံဖွင့်ဖွင့်လိုက်ချင်း .. Yixing Hyung ရဲ့ ပြုံး နေတဲ့ မျက်နှာလေးကို တွေ့လိုက်ရတယ်..

Hyung ကြည့်ရတာ ခါတိုင်းနဲ့ မတူ ပိုအူမြူးနေသလို . . .

" မင်း ဆီကို ဧည့်သည် တစ်ယောက်လာတယ် . . ဘယ်သူလဲ .. မင်း သိလား .. "

ဧည့်သည်???

Hun များလား ..

ကျွန်တော် Yixing Hyung ကို ကြည့်ရင်း အသာအယာခေါင်းရမ်းပြလိုက်တယ်..

" မသိဘူး " ဆိုတဲ့ သဘောနဲ့ပေါ့ .. ။

ပါးစပ် နဲ့ နှာခေါင်းမှာ အုပ်ထားတဲ့ အောက်ဆီဂျင် ပိုက်တွေက ကျွန်တော့်ကို စကားပြောဖို့ ခက်ခဲစေတယ်လေ. . .

" သူ .. ခနနေ ၀င်လာလိမ့်မယ် .. အရမ်းပျော်မသွားနဲ့ဦး .. သိလား . . "

* ဒေါက် ~~~ ဒေါက်~~ *

တံခါးခေါက်သံကြားတော့.. Yixing က သဘောတကျ ပြုံးရယ်လိုက်ရင်း ..

" ဟော .. လာပြီ ထင်တယ်.. Hyung အခန်းထဲက ရှောင်ပေးမယ်နော် . . နှစ်ယောက်တည်း တွေ့ကြ . . ဟုတ်ပြီလား .. "

ပြောရင်း ဆိုရင်း Xing က လှစ်ခနဲ တံခါးပေါက်ကနေ ထွက်သွားတော့ .. Yixing အစား လူတစ်ယောက်ဝင်လာတယ်..

" မတွေ့ရတာ ကြာပြီပဲ .. Xiao luhan shii.."

Hun ...

တကယ့်ကို Hun ပါပဲလား ..

မတွေ့ရတဲ့ အချိန်လေးအတွင်းမှာ .. Hun ဟာ ပိုခန့်ညားလာလိုက်တာ ..

" အင်း .. ဘာလိုလိုနဲ့ . . သုံးပတ်တောင် ပြည့်တော့မှာပဲ .. တစ်လပြည့်ရင် ခင်ဗျားသေမယ် ကြားတယ်.. "

ဟက်ခနဲ ရယ်ချလိုက်ရင်း စကားတစ်ခွန်းကို ဘာမှမဖြစ်သလို ပြောနေတဲ့ Hun ..

" Hun ah . . Mi..ya.. nae .. "

ကျွန်တော့် ရှိသမျှအားကုန်ထုတ်ပြီး စကားပြောဖို့ ကြိုးစားတော့ အသံက သူကြားတယ် ဆိုရုံလောက်ပဲ .. တိုးတိုးလေး ထွက်လာတယ် ..

" အင်း . . စကား ပြောနိုင်နေပုံ ထောက်တော့ အကောင်းကြီးရှိပါသေးတယ်.. ဟက် .. "

" Love Is Fake " [ Completed ]Where stories live. Discover now