* Long long ago...
I had a boyfriend who always bite to my lip *
:::::::::::::::::::::::::::::::::::::::::::::::
အိပ်ယာပေါ်လူးလိမ့်နေတဲ့ .. Hyung က Ph Screen ကို အကြာကြီး စိုက်ငေးနေတယ်...
ကျွန်တော် ပြန်လာတိုင်း ..Hyung ဒီလို ph ပဲ ကြည့်နေတော့တာ အမြဲ .. ခါတိုင်းလို ကျွန်တော့်ကို စကားတောင် လေး ငါး ခွန်း ပြည့်အောင်မပြောတော့ ..
" Hyung.."
ကျွန်တော် ခေါ်သံကြောင့် သူ့ ခေါင်းလေးတစ်ချက်စောင်းသွားပြီး ကျွန်တော့်ကို ငဲ့ကြည့်တယ်..
" ညစာ ပြင်ထားပြီးသား .. Hyung ကတော့ စားပြီးပြီ.."
တလှုပ်လှုပ်ရမ်းခါနေတဲ့ သူ့မျက်ဝန်းလေးရဲ့ တုန်ရီမှု က ကျွန်တော့် အသည်းစိုင် ကို နင့်ခနဲ ဖြစ်စေတယ်...
" Hyung.... hun ကို ရှောင်နေတာလား.."
" Arnyi.."
သူ .. ကျွန်တော့် ကို ကျောပေးပြီး .. ph က ပိတ်ချလိုက်တယ်...
" အဲ့ Ph ထဲမှာ ဘာတွေ ရှိနေလို့လဲ ။ "
ကျွန်တော် ခပ်တိုးတိုးမေးတော့ တစ်ဖက်လှည့်ပြီး ခေါင်းခါရင်း ပြုံး ပြတဲ့ Hyung နှုတ်ခမ်းက ဖြူ သထက်ဖြူဖျော့လာတယ်...
ကျွန်တော် ရုတ်တရက် စိတ်မရှည်စွာ .. Hyung ကိုယ်ကို ဆွဲယူ သိမ်းကြုံးဖက်လိုက်တော့ . .မရတာ ကြာတဲ့ Cherry နံ့လေး..
" Hyung ဖျားနေတာလား .."
ကျွန်တော့်ရင်ဘတ်မှာ ငွေ့နေတဲ့ အပူချိန်က တော်ရုံမဟုတ် ... လက်ဖျားလေးတွေကို ဆွဲယူထိလိုက်တော့ အေးစက်နေတာပဲ ..
" အာ .. hun.."
ခပ်တိုးတိုးလေး စကားဆိုရင်း ကျွန်တော့်လက်ကို ဖြုတ်ချတဲ့ ..Hyung က ဘာမှမဖြစ်သလို ဟန်ဆောင်ကောင်းပြနေတယ်...
" Hun.. အောက်ကို ပြန်ချပေးကွာ.. လွှတ် "
ဆွေ့ခနဲ သူ့ခန္ဓာကိုယ်ကို ဆွဲပွေ့လိုက်တော့လေ.. ကျွန်တော် မျက်ရည်ဝဲ မိပြန်တယ်...

YOU ARE READING
" Love Is Fake " [ Completed ]
RandomWho says love is fake?? Now, I will show you what's love is Fake ! Read this!! အချစ်က အတုအယောင်ပါ လို့ စွပ်လို့ စွဲချင်နေသူတွေ ကိုယ်တိုင်ကိုယ်ကျ Love is fake ဆိုတဲ့ စကားလုံးကို အရှိုက်ခက်ခက် မုန်းရစေ့မယ်~