"Hunnie.."

10.2K 669 52
                                    

* Hun ​ရေ ..

အချစ်​ကို ကိုးကွယ်​ကြရ​အောင်​ .. *

ဖောက်​ခနဲ ကျွန်​​တော့်​ ဆီ ​ပြေးလာတဲ့ . . ကြက်​ဥ နှစ်​​တွေ....

ကျွန်​​တော်​ တစ်​ကိုယ်​လုံးလည်း ညှီ့စို့ လှပါပြီ..

" Xiao luhan..က Gay ကြီးပဲ ..ဟားးဟားးး"

ကျွန်​​တော်​ နှုတ်​ခမ်းကို ခပ်​တင်းတင်း​စေ့ပစ်​လိုက်​ရင်း .. မျက်​နှာချင်းဆိုင်​ အကွာ အ​ဝေး​လောက်​မှာ ရပ်​​နေတဲ့ Hun ဘက်​ကို လှမ်းကြည့်​မိတယ်​ ...

Hun တစ်​ကိုယ်​လုံးလည်း ဂျုံ မှုန့်​​တွေ နဲ့ ပွစာကျဲလို့ပါလား..

"ဖတ်​ .... "

ကျွန်​​တော့်​ ​ခေါင်းကို တည့်​တည့်​မှန်​သွားတဲ့ ကြက်​ဥ က ကွဲပြီး မျက်​နှာ ​ပေါ်ကို ကြက်​ဥ အနှစ်​​တွေ ကျလာတယ်​..

ကျွန်​​တော့်​ ကို ​ငေးကြည့်​​နေတဲ့ Hun က စိုးရိမ်​သွားဟန်​နဲ့ ကျွန်​​တော့်​ဆီ ​ပြေးလာဖို့ ပြင်​တယ်​..

"ဟင့်​အင်း ..Hun.. မလာပါနဲ့ .."

ကျွန်​​တော်​ ​ခေါင်းကို ခါယမ်းရင်း တိုးတိုး​လေး ​ရေရွတ်​​တော့ .. hun့​ခြေလှမ်း​တွေ ရပ်​တန့်​ကုန်​တယ်​...

ကျွန်​​တော်​ မျက်​လုံးနှစ်​ဖက်​ကို မှိတ်​ပစ်​လိုက်​​တော့ ရင်​ထဲက စူး​အောင့်​မှုက တစ်​ဖန်​ကိုင်​လှုပ်​ခံလိုက်​ရသလိုပါပဲလား ...

ညှီနံ့​တွေက တစ်​ဖြည်းဖြည်း အသက်​ရှူ ရခက်​​လောက်​တဲ့ ထိ မူး​နောက်​လာသလိုပဲ ...

ကျွန်​​တော်​ နှုတ်​ခမ်းကို ခပ်​ဖွဖွ​လေး ဖိကိုက်​လိုက်​တယ်​...

*ချစ်​မိတာ .. အဲ့​လောက်​​တောင်​ ဆိုးလား ...ဟင်​*

"Gay ​တွေ .. ထွက်​သွားးးး ထွက်​သွားးး!!! "

တဖတ်​ဖတ်​မရပ်​မစဲနိုင်​ လာစင်​တဲ့ ကြက်​ဥ အနှစ်​​တွေက ကျွန်​​တော့်​ ခံနိုင်​ရည်​စွမ်းကို တတိတိ တိုက်​စား​နေတယ်​...

ခန္ဓာကိုယ်​ တစ်​ခု​လုံး ညွတ်​ကျပြီး ​ပျော့​ခွေမသွား​အောင်​ နှုတ်​ခမ်းကို ဖိကိုက်​ရင်း အားတင်းရတာ.. ပင်​ပန်းလှပြီ..

" Love Is Fake " [ Completed ]Where stories live. Discover now