" Love is fake "

2.6K 358 98
                                    

" Hun .. .. Hun..ah.. "

မျက်လုံးအစုံကို စိတ်လိုလက်ရ ဖွင့်လှစ်မယ် လုပ်ကာမှ .. သူ့ အသံက ဦးနှောက်ထဲမှာ စွဲနေကျ အတိုင်း အချိန်ကိုက်ပြန်ပေါ်လာ ပြန်ပြီ.. ။

Shit!!

ခေါင်းအစုံ က အသိစိတ်ဝင်ဝင်လာချင်း ပြန်ထိုးကိုက်လာ ပြန်တော့ ..

နှောက်ကျိနေတဲ့ စိတ်ဟာ ဒေါသနဲ့ ရောစွက် ရှုပ်ပွစွာဖြင့်.. ကယောင်ခြောက်ခြားး

အိပ်ယာပေါ်ကနေ ကိုယ်တစ်ခြမ်းစောင်းရင်း အခန်းပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်မိတော့ ..

အားး .. များလိုက်တဲ့ .. အရက်ပုလင်းတွေ ..

အဟက် .. ပုံသေနည်း မှားတယ် .. ။

တကယ်တော့ "အယ်ကိုဟော" .. ဟာ လူကို အဆုံးထိ ဆွဲမခေါ်သွားပေးနိုင်ဘူး ..

ကြည့်ပါလား..

မေ့ပျောက်ပစ်ဖို့ကောင်းတဲ့ စက်ဆုပ်ဖွယ် အဖြစ်အပျက်ကို Delete မလုပ်နိုင်ဘူးလေ....

နံဘေးမှာ ချထားတဲ့ PH ကို နောက်ဆုံးသော မျှော်လင့်ချက်နဲ့ .. ဖွင့်ကြည့်မိပြန်တော့ ..

* No noti *

သောင်းကျော်တဲ့ Ph call နဲ့ message တွေကို သူ $ဖက်မလုပ်တာတော့ တကယ့်ကို လွန်လွန်းတယ် ထင်တာပဲ .. ။

ပြန်စာတစ်စောင်မှ မရှိလေတဲ့ message box ဟာ ကျွန်တော့်ကို သရော်နေလေရဲ့ ..။

Shii.. စိတ်ပျက်ဖို့ ကောင်းတယ်..

ဆတ်ခနဲ . . အိပ်ယာပေါ်က ၀ုန်းခနဲ ထထိုင်လိုက်တော့ .. မျက်နှာချင်းဆိုင်မှာ ထောင်ထားတဲ့ မှန်ပုံရိပ်မှာ .. Oh sehun ဆိုတာ စုတ်ပြတ်သတ်နေလေရဲ့ .. ။

ဟောဟော .. အာ့လောက်ထိတောင် အိုစာသွားပါလား .. Oh sehun .. ။

ဆံပင်တွေက ရှုပ်ပွနေတဲ့ အပြင်.. မရိပ်သိမ်းရသေးတဲ့ နှုတ်ခမ်းမွှေးဟာ ရေးရေးလေးပါ ပေါ်နေတာမို့ ...

မှန်ရှေ့မှာ ရပ်နေတဲ့ Oh sehun ဟာ အသက်သုံးဆယ် လောက်ထိ သက်တမ်းတိုးနေလေရဲ့ ..။

အိုကွယ် .. ။

ကျွန်တော့် မျက်နှာကိုယ် ကျွန်တော် ကြည့်ရင်း ဘာရယ်မဟုတ် .. ဟက်ခနဲ ရယ်ချလိုက်တယ်..

" Love Is Fake " [ Completed ]Where stories live. Discover now