Our story

2.7K 354 58
                                    

တတွီတွီ ၀င်လာတဲ့ Message သံကြောင့် ဖျတ်ခ နဲ Ph screen ကို ကြည့်မိတော့ ..

ဆေးရုံဝတ်စုံလေးနဲ့ အိပ်ပျော်နေတဲ့ hun ပုံလေး...

ရင်အစုံဟာ ရုတ်တရက် ဆောင့်ကန်စို့တက်လာတယ်...

" လုပ်ရက်လိုက်တာ .. Oh sehun ရယ် "

ဖောက်ခနဲ စီးဆင်းသွားတဲ့ မျက်ရည်နဲ့အတူ ခံနိုင်ရည်စွမ်းတို့က မထိန်းနိုင် မသိမ်းနိုင် ပြိုယွင်း လာသလိုပါပဲလား..

Chanyeol ဆီက Photo message ရယ်ပါ..

* Lu Hyung အဆင်ပြေရင် .. ပြန်လာခဲ့ပါလားဟင် .. *

*Sehun ကို မကြည့်ရက်နိုင်လွန်း လို့ပါ . .*

*အခုထိလည်း နိုးမလာသေးဘူး .. လေးရက်ကျော်နေပြီ ..*

တတွီတွီ ၀င်လာတဲ့ အသံတွေက ကျွန်တော့် ကို ဆက်ပြီး ဖွင့်မဖတ်ရဲလောက်အောင် ..

တော်ပါတော့ ...

Oh sehun ဆိုတဲ့ အချစ်ရူးကြီးရယ် ..

ဘေးနားမှာ Lu မရှိတော့လည်း တစ်ယောက်တည်း ကောင်းကောင်းမွန်မွန် ရှင်သန်ဖို့ ကြိုးစားပါတော့လား ..

* Doctor တွေ အားလုံးက Hun အတွက် စိတ်ပူနေကြတယ်.. အကြာကြီး သတိမေ့နေတာ စိုးရိမ်ရတယ်တဲ့ *

ဒီတစ်ခါ message တော့ ကျွန်တော့် ရင်ထဲဟာခနဲ ဆင်းသွားတယ်...

ဖတ်ခနဲ .. video call ခလုတ်ကို ကောက်နှိပ်တော့ ..

Chanyeol က Ph ကိုင်ရင်း .. သတိလစ်နေတဲ့ Hun မျက်နှာကို မြင်ရလောက်တဲ့ထိ ရွေ့ပြတယ်...

ထားသွားခဲ့တာ တစ်ပတ် တောင် မပြည့်သေးဘူးလေ .. hun ရယ် ..

ဘာလို့ မျက်နှာက အဲ့လောက်တောင် ချောင်ကျသွားတာလဲဟင် ..

" ထပါတော့ .. "

"ထပါတော့ ဆိုနေ .. Oh sehun ရယ် .."

"Lu ကို ချစ်ရင် ထပါတော့နော် .. "

" Hun ရယ် .. Lu စကားကို နားထောင်ပါနော်.."

သည်းခံနိုင်မှု အတိုင်းအတာဟာ ပေါက်ကွဲလုပေါ့ .. Hun ရယ် ..

" Lu သိတယ်နော် . .hun နိုးလာမှာ .. lu ကို စိတ်ကောက်ပြီး ဒဏ်ပေးနေတာမလား .. lu သိပါတယ် . . "

" Love Is Fake " [ Completed ]Where stories live. Discover now