R.E.G.R.E.T

2.6K 399 73
                                    

" Lu .. Luhan? "

ဖျတ်ခနဲ မည်းမှောင်နေတဲ့ အခန်းက ရုတ်တရက်လင်းလာတာမို့ .. ကျွန်တော် ခေါင်းငိုက်စိုက်ချရင်းနဲ့ မော့ကြည့်လိုက်တယ်..

ပိတ်ထားတဲ့ မီးခလုတ်ကို ဖွင့်လိုက်တာက Xiumin ရယ်ပါ ..

" Luhan အမှောင်ထဲမှာ ဘာထိုင်လုပ်နေတာလဲကွာ? "

Xiumin က ခပ်တိုးတိုးစကားဆိုရင်း ကျွန်တော့် ဘေးလာဝင်ထိုင်တယ်..

" Hun အသက်ရှင်ပါတယ်ဆိုနေ .."

ရှိုက်သံကြားက ထွက်လာတဲ့ ကျွန်တော်အသံက အံ့သြစရာကောင်းလောက်အောင် တည်ငြိမ်နေလေရဲ့ ~

" Luhan ရာ~ "

Xiumin က ကျွန်တော့် ပုခုံးကို ခပ်ဖွဖွပုတ်နှစ်သိမ့်တယ် ..

" Hun ကို မေ့လိုက်တော့ကွာ ..နော် "

"မမေ့ဘူး !!! မေ့စရာလား!! Hun အသက်ရှင်သေးပါတယ် ဆိုနေ!! အားလုံး ဘယ်လိုဖြစ်နေကြတာလဲ !! "

" အင်းပါ . .အင်းပါ . . Hun အသက်ရှင်သေးတာမို့ မင်းက ဒီလို ငိုင်တိုင်တိုင်ကြီး မနေနဲ့ လေ.. နော် ~ Hun သိရင် ဘယ်စိတ်ကောင်းပါ့မလဲ ~"

" Hun ပြန်လာမှာ ~ Hun ပြန်လာမှာမို့ မနက်ဖြန်ဘာလို့ Hun အတွက် တစ်နှစ်ပြည့်လုပ်ရမှာလဲ !!! ? Hun က .. Hun က သေသွားတာမှ မဟုတ်တာ!! "

" အင်းပါ .. Hyung သိပါတယ် .. Hun မသေဘူး ဟုတ်ပြီလား ~ စိတ်ကို လျှော့ထား ~ Hun ပြန်လာမှာ မို့ Hun ပြန်မလာခင် Luhan တစ်ခုခုဖြစ်သွားလို့ မရဘူးလေ~ အားတင်းထား ဟုတ်ပြီလား ~ "

Xiumin အသားကုန်ချော့လိုက်မှ . . Luhan နည်းနည်း ငြိမ်ကျသွားတယ် ~

Luhan ရာ~

Hun ပြန်မလာတာ တစ်နှစ်တိတိပြည့်ပြီလေ~

သူ .. အသက်ရှင်ဖို့ ဆိုတာ ~

" French ကို ငါ ပြန်သွားမယ် ! "

ရုတ်တရက် Luhan က နှုတ်ခမ်းလေး လှုပ်ရုံပြောတော့ Xiumin တို့ တားရပြန်ပြီ~

" ပြင်သစ် ? ပြင်သစ် ကို ဘာသွားလုပ်မှာလဲ ? Luhan ရာ~ "

" Love Is Fake " [ Completed ]Dove le storie prendono vita. Scoprilo ora