<2>

5.6K 553 14
                                    

ကျောင်းဝန်းကြီးထဲ လေအဝေ့တွင် လွင့်ပါနေသော သစ်ရွက်ဝါများကို ဘာရယ်မဟုတ် ငေးကြည့်နေမိသည်။

သစ်ပင်ကြီးက စွန့်ပစ်သလား? သစ်ရွက်လေးက စွန့့်ခွာသလား? ဟိုဟိုဒီဒီ အတွေးများနှင့် ငြိမ်ပြီး လျှောက်လာရာက ဘေးမှ chanyeol အသံမကြားရသည်ကို သတိရ၍ လှည့်ကြည့်မိသည်။

အယ်.... သူက စီနီယာ ကျောင်းသားတစ်ချို့ကို ငေးရင်း ခပ်ဖြည်းဖြည်း လျှောက်လာနေသည်။ ကျွန်တော့်ကိုပင် သတိမထားမိ။

"Park Chanyeol"

"ဟမ်..... sehun"

သူ့ စတိုင်လ် အတိုင်း သွားအဖြီးသားနှင့် ရီပြနေသည်။

"မင်းက ဘာတွေများစိတ်ဝင်စားနေတာလဲ"

ကျွန်တော်မေးရင်း သူ့ကြည့်ရာကို လိုက်ကြည့်သည်။ chanyeol က ကျွန်တော့်အနားပိုတိုးကပ်လာပြီး ခပ်တိုးတိုးပြောသည်။

"အလယ်က အင်္ကျီအဖြူ နဲ့ hyung တော်တော်ချောတယ်နော်...ဟီး"

သူပြရာ သေချာကြည့်မိတော့ ဟုတ်ပါသည်။ ဆံပင် ရွှေအိုရောင် ကို လှန်တင်ထားပြီး အရပ်မြင့်မြင့် အသားဖြူဖြူ စီနီယာ hyung က အဝေးမှ မြင်ရသည်ပင် အတော်ချောပါသည်။

ကျွန်တော် သူ့လက်မောင်းအား လက်ကကိုင်လာသော စာအုပ်နှင့် ပိတ်ချလိုက်ပြီး....

"chanyeol တို့များ စီနီယာ ကိုလည်း အလွတ်မပေးဘူး....လာ မြန်မြန် စာကြည့်တိုက်သွားမယ်"

chanyeol က ဘာမှပြန်မပြောပဲ ရယ်ကျဲကျဲဖြင့် လိုက်လာသည်။ ကျွန်တော်တို့ ကျောင်းတက်တာ တစ်ပတ်ကျော်ပြီ။ ကျောင်းနှင့်လည်း နေသားကျခဲ့ပြီ။ သူငယ်ချင်းအချို့ သင်ခန်းစာအချို့ လူနာအချို့ နှင့် အချိန်ပိုင်းအလုပ်အချို့က ကျွန်တော်တို့နေ့ရက်တွေကို ပြည့်စုံစေသည်လေ။

သို့သော် တစ်ပတ်ကြာသည်အထိ ကျွန်တော်ပြန်တွေ့ချင်ခဲ့သော kim jongin ကို မတွေ့ခဲ့ပါ။

သူလိမ်များပြောခဲ့သလား ကျွန်တော်တွေးမိသည်အထိ။

____________________________

"Sehun....basketball အသင်းမှာ မပါချင် ဘူးလား...မင်း အရပ်လည်းရှည်တာပဲ"

မေးလာသူက အတန်းခေါင်းဆောင် kim junmyeon..

It Isn't Fairy TaleWhere stories live. Discover now