သူ၏ အညိုနုနု နှုတ်ခမ်းသည် သူမကို အကြင်နာပေးလေသောအခါ.......
အိပ်မက်ဆိုးဆိုပါက ချက်ချင်း နိုးထပစ်ချင်ပါသည်။ မည်သူမျှ မစေခိုင်းသော ကိုယ့် အတွေးဆိုးဖြစ်နေသောကြောင့် ကြိတ်မှိတ်၍ မေ့ဖျောက်ရသည်။ မစားရတဲ့အမဲ သဲနှင့်မပက်သော်လည်း စားသုံးသူ အဆိပ်သင့်စေဟူသော အတွေးဆိုးကြောင့် အချစ်ကို ကြောက်ရွံ့လာရသည်။
သူမ၏ ဆံသားနုနုလေးများ သူသပ်တင်ပေးတိုင်း..၊ သူမ၏ နားထင်စပ်လေးများ သူ နှုတ်ခမ်းဖြင့်ဖွဖွတို့ထိလေတိုင်း..၊ မြေခွေးထက် ရိုင်းစိုင်းချင်လာသောစိတ်တို့ကို ထိန်းချုပ်ရတာ ဘယ်လောက်ခက်မှန်း သူ မသိ။
အတွေးဆိုးကို ဖျောက်ရန်ကြိုးစားရင်း တစ်ဖက်လမ်းသို့ ကူးရန်ပြင်ခိုက်..
တီ.........
သံရှည်ဆွဲသော ဟွန်းသံကြောင့် ရုတ်တရက်ကြောင်သွားမိရပြီး ခြေလှမ်းတုန့်သွားချိန်တွင် လက်ကောက်ဝတ်မှ အလျင်စလို ဖမ်းဆွဲခြင်းကို ခံလိုက်ရသည်။ အခု ကျွန်တော် ကားတိုက်ခံရတော့မလို ဖြစ်သွားတာလား....
"Oh sehun မင်း ....ငါ စိတ်မပူအောင် နေလို့မရဘူးလား...အခု ဘာဖြစ်သွားသေးလဲ..."
ခြောက်ချားမှုတစ်ချို့နှင့် သူ့မျက်နှာက ချွေးစေးပြန်နေသည်။ Oh sehun တဲ့....သူ တော်တော် ထိတ်လန့်သွားပုံပဲ...ကျွန်တော်ဖြင့် လန့်ချိန်တောင် မရ။
"ဘာမှ မဖြစ်ပါဘူး....ငါ့ကို ကယ်ပေးတာ ကျေးဇူးတင်ပါတယ်"
သူ့မျက်ဝန်းမှ လျှံကျနေသော စိုးရိမ်မှုများကို မျက်နှာလွှဲရင်း......
"ပြီးတော့......ငါ မင်းကို စိတ်မပူခိုင်းပါဘူး"
ပြောပြီး လှည့်ထွက်လာတော့ နာကျင်နေသော ခြေထောက်ကိုမညှာဘဲ အတတ်နိုင်ဆုံး အဆင်ပြေအောင် လျှောက်လာခဲ့သည်။ ကျွန်တော့်နှလုံးသားက သူ စိတ်ပူနေမည်ကို လိုလားဟန်မတူချေ။
"ဆရာနဲ့ တိုင်ပင်ပါဆိုကွာ...မင်း မနေ့ညက လည်း အရမ်းကိုက်နေတာ မလား...မင်း ညည်းတောင်နေရတာ.....မနက်ကရော...ကားနဲ့ ခိုက်မိသေးလား"
YOU ARE READING
It Isn't Fairy Tale
Fanfictionနတ်သမီးပုံပြင်တွေမှာပဲ လှပတဲ့အဆုံးသတ်ဆိုတာ ရှိသတဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ပုံပြင်ကရော???? #SeKai #KaiHun #my isolated world