သူ ပြန်နိုးထလာမှာ သံသယမရှိသေချာသည်မို့ ကျွန်တော်စောင့်သည်။ ဆေးရုံ ၏ VIP အခန်းတွင် oxygen ပိုက်လေးဖြင့် ခပ်ဖြည်းဖြည်း အသက်ရှုနေသူဘေး ကျွန်တော်အမြဲတမ်းရှိသည်။
သူ့နံဘေးတွင်စားပြီး သူ့နံဘေးတွင်အိပ်သည်။ ချစ်သူလေး နိုးလာလို့ ကျွန်တော်ပိန်နေရင်၊ မျက်တွင်းကျနေရင် စိတ်မကောင်း ဖြစ်မှာစိုးသည်။ ပြီးတော့ သူ့ကတိအတိုင်း ကျွန်တော်ကို သူသတိရနေလိမ့်မည်။
အမှန်တကယ် သူက ကတိတည်စွာပင် သတိရရချင်း တောင့့်တသူက ကျွန်တော် ဖြစ်နေခဲ့သည်။ ထိုနေ့က သူ့လက်ကလေးကို ဆုပ်ကိုင်ရင်း သူ့ရှေ့တွင်ပင် မျက်ရည်ကျခဲ့သည်။ ချစ်သူက ကျွန်တော့်ကို မနှစ်သိမ့်ပါ။ ပြုံးပြရုံမှ လွဲ၍ သူက ဘာစကားမှ မပြောခဲ့။
ကိစ္စမရှိပါ။ သူ မပြောလျှင် ကျွန်တော်ပြောမည်။ သူ ကျွန်တော့်အနား ရှိနေရုံဖြင့်ပင် လုံလောက်ပါသည်။ သူသတိရချိန်တွင် ဆာကူရာတွေ ကြွေသွားပြီ ဖြစ်သော်လည်း ကိစ္စမရှိကြောင်း၊ နောက်နှစ်တွင် ကျွန်တော်တို့ အတူတူ သွားကြည့်နိုင်ကြောင်း၊ ကျွန်တော် မမောနိုင်အောင် ပြောသည်။
သူက ဘာမှ မတုန့်ပြန်သော်လည်း........သတိရလာပြီး ၃ ရက်မြောက်တွင် minho hyung ကို ခွင့်တောင်းပြီး သူ့ကို အိမ်ပြန်ခေါ်ခဲ့သည်။ ဘီးတပ်ကုလားထိုင် နှင့်အသားမကျမည်စိုး၍ ပွေ့ချီတော့ သူက တီးတိုးစကားဆိုသည်။
"ဆေးလိပ်.....သောက်ချင်တယ်" တဲ့။
ကမ္ဘာပြိုတယ်ဆိုတာ စကားတစ်ခွန်းနဲ့လည်း ဖြစ်နိုင်တာပဲ။ ကျွန်တော် အနိုင်နိုင် ပြုံးလိုက်ရသည်။ သူ့ကို ဒီမွန်းကျပ်မှုကနေ လွတ်မြောက်အောင် ကျွန်တော် မဖန်တီးနိုင်ဘူး ဆိုသောအသိက ရင်ကို ဓားထက်ထက်နှင့် မွှန်းသည်။
"ချစ်....အများကြီး မသောက်ရဘူးနော်"
စီးကရက်လိပ်လေးကို မီးညှိပေးသော ကျွန်တော့်လက်တွေ သိသာစွာပင် တုန်ယင်နေခဲ့ပါသည်။ သူက အခိုးအငွေ့တွေကို ငေးမောလျက်။
ဘယ်တုန်းကမှ သူကျွန်တော့်ရှေ့ ဆေးလိပ်မသောက်ဖူးတာ။ ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်ဆိုတာ ချစ်သူက ကိုယ့်ရှေ့မှာ အရမ်းမွန်းကျပ်နေပြီး ကိုယ်က ဘာမှ အသုံးမဝင်သောအခါ ဖြစ်ပေါ်လာသည်။
YOU ARE READING
It Isn't Fairy Tale
Fanfictionနတ်သမီးပုံပြင်တွေမှာပဲ လှပတဲ့အဆုံးသတ်ဆိုတာ ရှိသတဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ပုံပြင်ကရော???? #SeKai #KaiHun #my isolated world