<24>

3.3K 339 45
                                    

"ဟိုးမှာ......နေထွက်လာပြီ ချစ်"

"ဟင်"

တကယ်တော့ သူ နေမကောင်းပါ။ သဲသောင်ပြင်ပေါ်တွင် ထိုင်ရင်း သူက ကျွန်တော့်ကို မှီပြီး မှိန်းနေရာမှ မျက်လုံးဖွင့့်လာသည်။ တဖြည်းဖြည်း မြင့်တက်လာသော သူရိန်နေမင်းသည် သူ့ဝေဒနာတွေကို အဝေးပို့ပေးနိုင်ရင် ဘယ်လောက်ကောင်းမလဲ.....

"လှတယ်"

"ဟုတ်တယ်....သိပ်လှတယ်"

"ငါ......"

သူက ဆက်မပြောဘဲ ရပ်သွားသည်။ စကားလုံး ရှာမရလို့ ဖြစ်နိုင်သည်။ အခုရက်ပိုင်း စကားအရမ်းနည်းသွားတာ။ ကျွန်တော် စကားထောက်မပေးချင်။ စိတ်မကောင်းစရာတွေချည်းပဲ သူတွေးနေတာ။

"သိပ်လှတယ်....နေခြည်နုနုကိုပဲ ခံစားပါ ချစ်....ကိုယ်နဲ့ အတူရှိနေတယ်လေ"

//ငါ ကတော့ နေဝင်ချိန်တစ်ခုမှာ hun နဲ့ အတူရှိနေချင်တယ်...လူတွေဟာ နေဝင်ချိန်ထိ အတူရှိနေဖို့ ခဲယဉ်းတယ် မဟုတ်လား....ဝင်လုဆဲဆဲ နေမင်းကြီးကို ကြည့်ပြီး ငါတို့ ဘယ်တော့မှ မခွဲဘူးလို့ ပြောမယ်//

ကျွန်တော် ပါးချင်း အပ်ထားလိုက်သည်။ အချိန်အကြာကြီး ငြိမ်ငြိမ်လေး ထိုင်နေမိကြသည်။

"ပြန်ရအောင်နော်...ချစ် ပင်ပန်းနေပြီ"

"နေဝင်သွားရင်"

"နောက် တခေါက်မှပေါ့ ချစ်ရယ်"

ကျွန်တော်ကြောက်နေသည်။
ကျွန်တော် နေဝင်ချိန်ကို အခု မကြည့်ချင်သေးပါ။

××××××××××××××××××××××

သူ မေ့လျော့သည့် အရာတွေ များလာသည်။ အစားနည်းလာသည်။ တခါတရံ taemin hyung ကိုပင် မသိတော့သလို။ သူ ကျွန်တော့်ကိုတော့ သိသေးသည်။ နှလုံးသားထဲ သိမ်းထားတာတဲ့လေ။

သူက ပန်းခြံလေးထဲတွင် ထိုင်နေသည်။ ယခုရက်ပိုင်း အားနည်းလွန်းပြီး ခဏခဏ အဖျားဝင်နေခြင်းကြောင့် သူအိပ်ယာထဲ လှဲနေရတာ ကြာပြီ။ ကျွန်တော် စောင်ပါးလေးတစ်ထည် သူ့ပေါ်ခြုံပေးလိုက်တော့ သူက မော့ကြည့်ပြီး ပြုံးပြသည်။

ငယ်ငယ်က သူကျွေးသည့်မုန့်ကို စားသဖြင့် ပြုံးသော အပြုံးမျိုး.....သိပ်ချစ်ဖို့ကောင်းသည်။

It Isn't Fairy TaleWhere stories live. Discover now