NiNi ရေ ဘယ်မှာလဲ.....
ခင်ဗျားတို့ တွေ့မိကြလား.......ဟိုမှာ luhan....luhan ....
NiNi ကိုတွေ့မိသေးလား....
ဘာလို့ လူတိုင်းက ခေါင်းပဲ ခါနေတာလဲJunmyeon.....yixing
jongin ကို တွေ့ကြသေးလား....
သူ ဘယ်သွားတာ မြင်လဲဟင်...အား.....ကျွန်တော် ဖိနပ်မပါဘဲ ပြေးနေတယ်.....လမ်းတွေ တစ်လမ်းဝင် တစ်လမ်းထွက်....တွေ့သမျှ လူတိုင်းကို မေးတယ်...သူတို့ အကုန်လုံး ခေါင်းပဲ ခါနေတယ်...
ကျွန်တော် စိတ်ပူနေတာ ရူးမတတ်ပဲ....ညနက်နက်ကလည်း တစ်စ တစ်စ ပြိုကျနေပြီ....မဖြစ်ဘူးလေ....ကျွန်တော် သူ့ကို ရှာတွေ့မှဖြစ်မှာ....
တစ်မြို့လုံး နှံ့နေပြီ...ဒါ ဘယ်မြို့လည်း ကျွန်တော် မသိဘူး....ကျွန်တော်သိတာ....ဒီမြို့မှာ NiNi မရှိဘူးလျှောက်ရင်း လျှောက်ရင်းနဲ့ မြို့ပြင်ရောက်လာတယ်.....မှောင်မဲနေလိုက်တာ...လရောင် မရှိဘူး....ကြယ်လည်း မထွက်ဘူး.....မိုးစက်တွေတော့ အလည်လာပါရဲ့... ကျွန်တော့် ခြေဖဝါးတွေ နာနေပြီ....မိုးကလည်း သည်းကြီးမဲကြီး....မှောင်လိုက်တာ ပိန်းပိတ်လို့......ကျွန်တော် နောက်လှည့်ကြည့်တော့ မြို့ဘက်မှာ အလင်းရောင် မရှိတော့ဘူး...
အမှောင်ထု အလယ်မှာ တစ်ယောက်တည်းရောက်နေပေမဲ့ သူ့ကို ရှာမတွေ့မှာစိုးတဲ့ စိုးရိမ်စိတ်ကလွဲရင် ကျွန်တော့်စိတ်တွေ ဗလာကျင်းနေတယ်...
စုတ်ပြတ်နေတဲ့ ခြေဖဝါးတွေက တစတစ ယိုင်နဲ့လာတယ်....နားထဲမှာလည်း မိုးသံတွေ ဆူညံလို့....တခါတလေ လျှပ်စီးလက်တော့ လမ်းကိုတော့ မြင်လိုက်ရပါရဲ့....အဆုံးကိုတော့ မသိဘူး...
ကျွန်တော် NiNi ကို တွေ့အောင် ရှာနိုင်မယ်လို့ ယုံကြည်တုန်းပဲ....အခုချိန် သူ တစ်ယောက်တည်း ဝမ်းနည်းနေမလား....ကိုယ့်ကိုယ်ပဲ ကျိန်ဆဲ မိတယ်....အသုံးမကျလိုက်တာ...မင်းပဲ သူ့အနား အမြဲရှိနေမယ်ဆို......
NiNi ရေ....
ခြေထောက်တွေက လမ်းမပေါ် ခွေယိုင်ကျတယ်...ကျွန်တော် သိပ် ဝမ်းနည်းလာတယ်....မျက်နှာကို လက်ဝါးနဲ့ အုပ်ပြီး ငိုကြွေးမိတယ်...ရှိုက်ကြီးတငင်....အရှိန်ပြင်းပြင်း မိုးစက်တွေကြား ကျွန်တော် သည်းသည်းထန်ထန်ကို ငိုနေမိတယ်......
YOU ARE READING
It Isn't Fairy Tale
Fanfictionနတ်သမီးပုံပြင်တွေမှာပဲ လှပတဲ့အဆုံးသတ်ဆိုတာ ရှိသတဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ပုံပြင်ကရော???? #SeKai #KaiHun #my isolated world