<21>

3.3K 391 59
                                    

"ကျွန်တော့်ရဲ့ နှလုံးသား"

ကျွန်တော့်ကိုအရမ်းချစ်တဲ့ သူ....ကျွန်တော်အမြဲ တောင်းပန်နေရမဲ့ သူ...ကျွန်တော် သိပ်ချစ်ခဲ့ရတဲ့ သူ...ကျွန်တော့်ရဲ့ အချစ် 'hun'

=>တဖြည်းဖြည်းနဲ့ အားလုံးကို မေ့သွားလိမ့်မယ်တဲ့....hun...တချို့ ကံတရားတွေဟာ အမြင်ကတ်စရာကောင်းလောက်အောင်ကို ရက်စက်တယ်...

=>အဲဒီ ကံတရားကို ငါ လှောင်ရယ်လိုက်ချင်တယ် hun...ခင်ဗျားခွဲချင်တဲ့ ကျွန်တော်တို့ နှစ်ယောက်က ဘယ်တော့မှ ခွဲခွာရမှာ မဟုတ်ဘူးလို့......အကြောင်းရင်းက ဆုံဆည်းရအောင် ကျွန်တော် မ..ကြိုး..စား..ခဲ့..တာ..မို့

=>ငါ သိတယ်....hun ငါ့ကို အရမ်းချစ်တယ်ဆိုတာ...
မင်း ငါ့ကို သိပ်ချစ်မှန်း သိလေလေ...ငါ ကြောက်လေလေပဲ....မင်းကတော့ ပြောမှာပဲ...အစွန်းရောက်အတွေးတွေနဲ့ ကိုယ့်ကိုယ်ကို လှောင်ပိတ်ထားတဲ့သူလို့...

ငါက အဲလိုလူပဲလေ...hun...မင်း ထိခိုက်မှာ သေမလို စိုးရိမ်တဲ့သူပေါ့...အဲဒီ အတွေးနဲ့ပဲ မင်းကို အကြိမ်ကြိမ်အခါခါ နာကျင်စေခဲ့တဲ့သူ...

=>ငါနဲ့ မင်းရဲ့ သံယောဇဉ်က ပုံမှန်မဟုတ်ဘူးလို့ ခံစားရတဲ့ အချိန်မှာ ကိုယ့်ကိုယ့်ကို အကြိမ်ပေါင်းများစွာ မေးခဲ့တယ်...hun...ငါ မင်းကို ပျော်ရွှင်အောင် ထားနိုင်ပါ့မလား....

မင်းက ငါ့အနားမှာ ရှိရုံနဲ့ ပျော်ရွှင်နေတဲ့ သူဆိုတဲ့ အဖြေက ငါ့ကို သိပ်ခြောက်ခြားစေတယ်....ငါ မင်းကို မင်းလောက် မချစ်နိုင်ဘူး ထင်တယ်...မင်း အချစ်တွေကို ခံယူဖို့ ငါက မထိုက်တန်ဘူး hun...ငါအဲလောက် အရည်အချင်းမရှိဘူး...

မင်းမျက်ဝန်းရဲ့ ဖြူစင်မှုတွေကို ငါ သိပ်တန်ဖိုးထားတယ်...သိပ်မြတ်နိုးတယ်...အဲဒါတွေကို ဖျက်ဆီးသူ ငါ မဖြစ်ချင်ဘူး hun...ငါ ဘယ်လိုလူလဲ မင်းအသိဆုံးပါ....အရာရာကို ပေါ့ပေါ့လေးပဲ တွေးတဲ့ငါ...မင်းရှေ့ရောက်ရင် ငါ အများကြီး ဆင်ခြင်ခဲ့တာပဲ...ငါတို့က ဝေးပါတယ် hun ရယ်..ကျင်လည်တဲ့ ကမ္ဘာမှ မတူတာ....

မင်းက ငါ့အတွက်ဆို အရာရာပေးဆပ်မဲ့ သူမျိုး.....မဖြစ်ဘူးလေ...hun...မင်း ငါ့ကို အဲလောက်မချစ်ရဘူး

It Isn't Fairy TaleWhere stories live. Discover now