ကျွန်တော် သတိရလာတည်းက ဒီဆိုင်ရှေ့မှာ လာထိုင်စောင့်နေခဲ့တာ။ အခု မနက် ၇ နာရီ။ baekhyun hyung က ဘာဆိုဘာမှ မပြောဘဲ ကျွန်တော့်ဘေးတွင် ထိုင်နေလေသည်။ သူ့မျက်နှာတွင် မြင်နေကျ အပြုံးလည်းမရှိ။
၇ နာရီကျော်ခါစတွင် ကျွန်တော်တို့ရှေ့သို့ ကားအဖြူလေးတစ်စင်း ထိုးရပ်လာလေသည်။ taemin hyung လာမှာဆိုတာ ကျွန်တော် သိပြီးသားပဲ။
"Hyung....NiNi က ...ဘာလို့ ကျွန်တော့်ကို မမှတ်မိတာလဲ...ဟင်...သူ ဘာမှ မဖြစ်ဘူးမလား"
ကားပေါ်မှ ဆင်းလာခါစ taemin hyung ကို အတင်းလှုပ်မေးမိတော့ hyung က ဖျစ်ညှစ်၍ ပြုံးဖို့ကြိုးစားနေသည်။
"Hunnie...ya..သူပြောတာ နားထောင်ပါဦး...စိတ်မလှုပ်ရှားနဲ့ကွာ...နော်"
"တောင်းပန်ပါတယ်...sehun ရာ....မင်းထွက်မသွားခင်က ငါတကယ် မသိခဲ့တာပါ"
ကျွန်တော် မျက်လုံးတို့ကို တင်းတင်းမှိတ်ပစ်လိုက်သည်။
"ကျွန်တော့်ကို အခု သူ့ဆီခေါ်သွားပေးပါ"
"အင်း....ငါ ခေါ်သွားပေးမယ်"
"ကိုယ် မလိုက်တော့ဘူးနော်...ကလေး...hotel မှာပဲ ရှိနေမယ်"
"အင်း...hyung လည်း အနားယူလိုက်ပါဦး"
×××××××××××××××××××
"မင်း ဘယ်တုန်းက ပြန်ရောက်နေလဲ.."
"Korea ပြန်ရောက်တာက ၂ လကျော်ပြီ...soohee နဲ့လည်း တွေ့ခဲ့တယ်...hyung တို့မြို့ကိုလည်း သွားခဲ့တယ်..ဒီမှာ Dr.minho ရှိတယ်ဆိုလို့ လိုက်လာခဲ့တာ..."
"သြော...မနေ့က taeyong က မင်းကို မသိလို့ပါ....သူက သူ့အစ်ကို့ဆီ ခဏလာကြည့်တာလေ...အခု taeyong က နိုင်ငံ့လက်ရွေးစင် basketball သမားဖြစ်နေပြီ...."
" အခု NiNi အခြေအနေက ဘယ်အထိရှိနေပြီလဲဟင်"
"ဆေးပညာ ဝေါဟာရနဲ့ ငါ ရှင်းမပြတတ်ဘူး...kai က အပြင်လည်း မထွက်ဘူး..စကားလည်း ကောင်းကောင်း မပြောတော့ဘူး..တခါတလေကျ သူကိုယ်သူ အတိတ်မှာပဲလို့ ထင်နေတယ်..သူ မင်းကို စောင့်ခဲ့တဲ့ အချိန်တွေ...မင်းနဲ့ အတူရှိခဲ့တဲ့ အချိန်တွေမှာလို့ ထင်နေတယ်....သူ့အခြေအနေမှန်ကို သိဖို့တောင် မလွယ်ဘူး..."
YOU ARE READING
It Isn't Fairy Tale
Fanfictionနတ်သမီးပုံပြင်တွေမှာပဲ လှပတဲ့အဆုံးသတ်ဆိုတာ ရှိသတဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ပုံပြင်ကရော???? #SeKai #KaiHun #my isolated world