"sehun....မအိပ်သေးဘူးလား"
"မအိပ်သေးဘူး...hyung ဒါလေး ပြီးအောင်ဖတ်မလို့"
ညအိပ်ဝတ်စုံ အပြာနုလေးနှင့် baekhyun hyung က coffee တစ်ခွက်ကိုကိုင်ရင်း ရှေ့တွင်လာထိုင်သဖြင့် စာကြည့်မျက်မှန်ကို ချွတ်လိုက်သည်။
"ပြန်ဖို့ စဉ်းစားပြီးပြီလား...sehun"
"Hyung ရော ဘယ်လိုစဉ်းစားထားလဲ..."
Baekhyun hyung က ပုခုံးတွန့်သည်။ အသက် ၂၈ နှစ်အရွယ်နှင့်မလိုက်အောင် သူက ချစ်ဖို့ကောင်းနေတုန်း။ စိတ်ပျိုရင် ကိုယ်နုသတဲ့။ hyung လိုဘဝကို စိတ်ကြိုက်ပျော်ရွှင်စွာဖြတ်သန်းဖို့ ကျွန်တော့်အတွက် မလွယ်သေးဘူးထင်သည်။
"မင်း သဘောပါ..sehun....ငါတို့ ဒီမှာ 5 နှစ်ရှိပြီ...နောက်ထပ် 10နှစ် မင်းနေချင်သလား...ရတယ်...အခု ပြန်ချင်လည်း ဖြစ်တယ်"
ပြောပြီး coffee သောက်ရန်ဟန်ပြင်သော hyung လက်ကို လှမ်းဆွဲကာ သူ့ coffee ခွက်ကို ယူသောက်လိုက်သည်။
"အဲလောက် ခါးခါးကြီး မသောက်နဲ့လို့ ပြောထားရဲ့နဲ့"
"Hyung အတွက် ပုံမှန်ပါပဲ....ကဲ....ဆရာဝန်ကြီး...အလုပ်ထွက်ချင်ရင် စာကြိုတင်ရမှာမို့ သတိလာပေးတာ...ညစောစောအိပ်ဖို့လုပ်...နောက်မကျစေနဲ့"
"Yes...sir....good night hyung"
စာမဖတ်ချင်တော့သည်မို့ စားပွဲမှ ခဏထကာ ပြတင်းပေါက်အပြင်ကို ငေးမိသည်။
အချိန်တွေကုန်တာ မြန်လိုက်တာ။
၅ နှစ်တောင် ရှိခဲ့ပြီလား....ဒီ ၅ နှစ်အတွင်းမှာ ကျွန်တော် ဘာတွေပြောင်းလဲခဲ့ပြီလဲ....Dr.oh sehun ဆိုသည့် နာမည်နောက်မှာ တန်းစီနေသော ဘွဲ့ထူးတွေကလွဲ၍ ကျွန်တော်က ဘာမှမပြောင်းလဲသေးပါ။
ဆောင်းညတွေမှာ အနွေးထည်မေ့တတ်တဲ့သူ့ကို သတိရနေတုန်းပဲ....
coffee မကြိုက်တဲ့ သူကို သတိရနေတုန်းပဲ....ကျွန်တော့်ကို ထားခဲ့ပြီး ကျွန်တော်က ထားခဲ့တဲ့ သူ့ကို သတိရနေတုန်းပဲ.....တစ်ခုတော့ ပြောင်းလဲပါသည်။ သူ့ကိုလွမ်းတိုင်း မငိုတတ်တော့တာလေးပေါ့။ ကျွန်တော်က ကလေးမှ မဟုတ်တော့ဘဲ...
YOU ARE READING
It Isn't Fairy Tale
Fanfictionနတ်သမီးပုံပြင်တွေမှာပဲ လှပတဲ့အဆုံးသတ်ဆိုတာ ရှိသတဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ပုံပြင်ကရော???? #SeKai #KaiHun #my isolated world