<9> or special part

4K 399 17
                                    

ကျွန်တော်တို့ တနေကုန် လျှောက်လည်ခဲ့ကြသည်။ တွေ့သမျှနေရာဝင်သည်။ လမ်းဘေးဆိုင်တွေ ထိုင်သည်။

ကစားကွင်း ဝင်မိတော့ သူက Roller coaster စီးမည်တဲ့။ ကျွန်တော် တကယ် မစီးရဲပါ။ အသည်းအသန်ငြင်းပါသော်လည်း ခေါင်းမာသည့်သူ့ကို အရှုံးပေးရပြန်သည်။

သို့သော် ထိုနေ့က roller coaster သာ မစီးဖြစ်ခဲ့လျှင် ကျွန်တော် တစ်သက်လုံး နောင်တရနေနိုင်သည်။

အစတွင် ခေါင်းမူးမည် စိုးသဖြင့် မျက်လုံးပြူး၊ အံတင်းတင်းကြိတ်ပြီး ရှေ့လက်ရန်းကို ဇွတ်အတင်းဆုပ်ကိုင် ထားသော ကျွန်တော့်ကို ကြည့်ပြီး သူက ပြုံးနေခဲ့သည်။

အမြင့်သို့ ရောက်လာချိန်တွင်မူ လက်ရန်းကို ဆုပ်ကိုင်ထားသော ချွေးစေးပြန် လက်ဖဝါးများကို သူ့လက်ကောက်ဝတ်၌ ဆုပ်ကိုင်ထားစေသည်။ အံကြိတ်မထားဘဲ အော်ပစ်ရန်ပြောပြီး ကျွန်တော့် ခေါင်းကို သူ့ပုခုံး၌ အပ်ထားစေသည့်နောက်။

ရင်တလှပ်လှပ်ဖြစ်သွားတိုင်း ကျွန်တော် စူးစူးရှရှ ထအော်မိပြီး၊ သူ့ပုခုံးနှင့် မျက်နှာအပ်မိချိန်တွင် roller coaster ပင် အမြဲစီးနေချင်တော့သည်။

ဆင်းလာသော ခြေလှမ်းများ ယိုင်နဲ့နေခြင်းသည် ကြောက်စိတ်ကြောင့်ပင် ဟုတ်ရဲ့လား ကျွန်တော် မသေချာပါ။

"NiNi ဒါကြီးကို မင်းတကယ် စီးရဲတယ်နော်"

"အင်း...တကယ်တော့ ငါလည်း ကြောက်တယ်....ဒါပေမဲ့...hun ကြောက်နေတာ မြင်တော့ ငါမကြောက်တော့ဘူး"

သူ့ စကား၌ စ နောက် ခြင်းမပါဟု ထင်မိသည့်ခဏတွင် မရည်ရွယ်ဘဲ အကြည့်က သူ့လက်ကောက်ဝတ်သို့...

"ဟင်...NiNi..မင်း လက်...."

"........."

"အာ....ဘယ်လိုလုပ်မလဲ...မင်း သိပ်နာနေမှာပေါ့....ငါ...ငါ တောင်းပန်ပါတယ်"

အနည်းငယ် ညိုသောအသားမှာပင်...လက်ဆုပ်ထားရာကြီးက ထင်းနေသည်မို့....ကျွန်တော် ငိုပင် ငိုချင်လာသည်။ ဒီလောက်အားကြီးနဲ့ ဆုပ်ထားရလား ဟု ကိုယ့်ကိုယ်သာ ကျိန်ဆဲနေမိတော့၏။ သူကတော့ အပြုံးပင်မပျက်....

It Isn't Fairy TaleDonde viven las historias. Descúbrelo ahora