<22>

3.1K 351 29
                                    

အပြန်လိုက်ပို့မယ်ပြောတဲ့ baekhyun hyung ရဲ့ ဆန္ဒကိုမငြင်းဖြစ်ပါ။ ဒီမြို့ကို သူပါပြောင်းလာမည်ဆိုတာ မပြောလည်း သိနေသည်ပဲ။ ကျွန်တော် hyung ကိုသိပ်ချစ်ပါသည်။ တစ်ခုပဲ။ NiNi ထက်ပိုမချစ်နိုင်တာလေးပါပဲ။

"NiNi အိပ်နေတုန်းပဲလား....ဘာမှ မစားသေးဘူးလား..."

"ဟုတ်....အိပ်နေတုန်းပဲ...ဘာမှ မစားဘူး"

"taemin hyung ရော"

"taemin hyung က ဒေါက်တာ ကိုသွားကြိုတယ်"

သူ့အခန်းတံခါးကို အသာလှပ်ကြည့်တော့ ကျွန်တော်ခြုံပေးခဲ့တဲ့စောင်ပုံလေးက ငြိမ်သက်လျက်။ အခု ညနေတောင် စောင်းနေပြီကို။ taeyong ပုံစံက အပြင်သွားမည့်ပုံမို့ စကားပြောရန် ဧည့်ခန်းထဲ လာခဲ့သည်။ အပြင်မှာ မိုးအုံ့နေသလိုပဲ။

"Taeyong က ဘယ်သွားမလို့လဲ"

"ကျွန်တော် seoul ကို ပြန်တော့မှာ...ပွဲစဉ်တွေ နီးနေပြီ..."

"အခုပဲ ပြန်မှာလား"

"အင်း...ဒီညနေ လေယာဉ်နဲ့"

ကောင်လေးမှာ ပြောစရာစကားရှိနေသည်။ သူ့အစ်ကိုအကြောင်းပင် ဖြစ်မည်။ ကျွန်တော်ငြိမ်ငြိမ်လေးပဲ ထိုင်နေလိုက်သည်။ ရင်ထဲတွင် လှိုက်ဖိုသော မောဟိုက်မှုတစ်ခုက အရင်းအမြစ်ရှာမရ။

"Hyung"

"အင်း....ပြောလေ...ကလေး"

သူ သိပ်ချစ်သည့် ညီလေးပါလား ဟူသည့်အတွေးဖြင့် ချစ်ကြင်နာစွာ ကြည့်မိသည်။ ကျွန်တော် သိပ်ပင်ပန်းနေသည်။

"ကျွန်တော့် အစ်ကို....သူ...."

ထစ်နေသော ကောင်လေးစကားတွေကို ထောက်ပေးဖို့ အစီအစဉ်မရှိ။ ကျွန်တော်တကယ် ဘာဖြစ်နေမှန်းမသိ။ ဝိဉာဉ်လွင့်သူလို စိုက်ကြည့်နေ၍ထင့်။ ကောင်လေးက ကြောင်အမ်းအမ်းဖြစ်နေသည်။ ထိုအခါမှ ကျွန်တော် ကိုယ့်ကိုယ်ကို ထိန်းရသည်။ အသက်ကိုပြင်းပြင်းရှူပြီး အတတ်နိုင်ဆုံး ပြုံးပြဖြစ်သည်။

"ကိုယ့်ကို ယုံပေး...ကလေး...မင်းအစ်ကိုကို သေချာပေါက် စောင့်...ရှောက်ပေးမှာ...မင်းအစ်ကို ကို...ကိုယ်က"

//ငါက မင်း....ဘေးမှာပဲနေမှာ..//

//Hun...ဒါ မင်းမမေးတဲ့ မေးခွန်းရဲ့ အဖြေပဲ//

It Isn't Fairy TaleWhere stories live. Discover now