"NiNi "
နဖူးပြင်ကို နှုတ်ခမ်းလေးနဲ့ ဖွဖွထိတော့ မျက်လုံးဖွင့်လာသည်။ သူ နိုးနေတာ နေမှာ။
"လာ...ထပါဦး.....အောက်မှာ ဘယ်သူရောက်နေလဲ...လာကြည့်"
သူက ဘာမှမဆိုဘဲ ကျွန်တော့်ကိုသာ ငေးနေလေသည်။ အနည်းငယ်တော့ ရင်ထိတ်သွားသည်။ သူ့ကုတင်စောင်းကို ဝင်ထိုင်ရင်း ကြင်ကြင်နာနာလေး စိုက်ကြည့်ဖြစ်သည်။
"NiNi..ဘာ အဆင်မပြေလို့လဲဟင်...ကိုယ်က"
စကားမဆုံးခင် နွေးထွေးသွားသော ပါးပြင်ကြောင့် ကျွန်တော့်မှာ ကျောက်ရုပ်။ သူကတော့ ဘာမှမလုပ်သလို ခပ်တည်တည်နှင့် အိပ်ယာမှ ထသွားလေသည်။ သူက စားပွဲပေါ်က ပြက္ခဒိန်လေးကို ယူပြီး ယနေ့ရက်စွဲကို ဘောပင်နှင့် ခြစ်ချလိုက်သည်။
ယနေ့က ၄ ရက်မြောက်။ သူနှင့် ကျွန်တော် အတူရှိနေသည့် ၄ ရက်မြောက်။ သူက ကျွန်တော်နှင့့်အတူ နိုးထရသည့် မနက်ခင်းတိုင်းကို မှတ်သားထားသည်လေ။
"သြော်....ချစ် က ကိုယ့်ကို နမ်းချင်လို့ ဉာဏ်ဆင်တာပေါ့လေ"
"အပိုတွေ...hun..မင်းကို နမ်းချင်တာများ ဘယ်အချိန်ဖြစ်ဖြစ်ရတယ်...မင်းက အမြဲတမ်း စိတ်ပူနေတာပဲ..."
သူက ချစ်စနိုးဟန်ဖြင့် ကျွန်တော့်ခေါင်းကို လာဖွသည်။ ဒီရက်ပိုင်းလေးမှာ သူအထူးပျော်ရွှင်နေသည်။ တချို့ နေ့စဉ်သုံးစကားတွေ၊ အခါ်အဝေါ်တစ်ချို့ မေ့တာကလွဲရင် အခြေအနေက ကောင်းမွန်သည်။
မတွေ့တာကြာလှပြီမို့ သူ chanyeol ကို မှတ်မိပါ့မလား။ ကျွန်တော့်ကိုတောင် စစချင်းက မမှတ်မိတာ။ တွေးနေစဉ်မှာပင် သူက လှေကားမှ ဆင်းသွားလေသည်။ မျက်နှာသစ်ပြီးသွားတာတောင် မသိလိုက်။
"Ni...."
"......."
ဟင်....သူ မှတ်မိတာလား။ သူက chanyeol ကို တွေ့တော့ ခေတ္တကြောင်အမ်းပြီး ပွေ့ဖက်နှုတ်ဆက်လေသည်။
"Yeol...ah"
"Jongin...ရာ အရမ်းပိန်သွားတာပဲ"
"ငါ မင်းကို အရမ်းသတိရနေခဲ့တာ...yeol"
"ငါရောပဲ"
"လာ...အေးဆေးစကားပြောရအောင်....ခြံထဲသွားမလား"
YOU ARE READING
It Isn't Fairy Tale
Fanfictionနတ်သမီးပုံပြင်တွေမှာပဲ လှပတဲ့အဆုံးသတ်ဆိုတာ ရှိသတဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ပုံပြင်ကရော???? #SeKai #KaiHun #my isolated world