<10>

3.3K 378 13
                                    

~~ph ringtone~~

Taemin hyung ပဲ.....

"Hello"

"Hello...Hun လေး...are u ok?"

"ok....မတွေ့တာတောင်ကြာပြီ hyung"

"ကြာပြီပေါ့...မင်းတို့ အိမ်ပြန်တာတောင် ငါ့ကို မနှုတ်ဆက်ကြဘူး"

"ဟီး...hyung အခု..seoul မှာလား"

"မဟုတ်ဘူး...ငါ အိမ်မှာ...Hun က ကျောင်းပိတ်တာကို seoul ရောက်နေတာလား"

"ဟုတ်........ဒီလိုပါပဲ"

"ဟုတ်ပါပြီ....jongin စာမေးပွဲအောင်တာ အတော်ထူးဆန်းတယ်...မင်းတကယ်တော်တယ်"

"သူက ဉာဏ်ကောင်းလွန်းလို့ပါ hyung ရာ"

"ထားပါတော့လေ....အခုတောင် သူ့ဆီသွားမလို့...မင်း လွမ်းနေမှာပေါ့"

"သူ့ဆီ ?? သူက အခု အိမ်ပြန်ရောက်နေတာလား..seoul မှာ မဟုတ်ဘူးလား"

ခေတ္တတိတ်ဆိတ်သွားသည်။ သူ အိမ်ပြန်သွားသည်ကို ကျွန်တော်မသိ။ မနေ့ညကပဲ ဖုန်းဆက်သေးတာကို...

"အင်း....သူအခု သူ့အိမ်ပြန်ရောက်နေတာလေ"

"သြော်...ကျွန်တော်မသိဘူး...မနေ့ညကဖုန်းပြောတော့လည်း ပြန်မှာကို မပြောဘူး"

"အဲ....သူ ပြန်ရောက်တာ ၁ ပတ်လောက်ရှိနေပြီ"

"ဟင်"

"မသိဘူးလား...စိတ်ထဲထားမနေပါနဲ့...သူက အဲလိုပဲလေ...သူ လုပ်ချင်တာ လုပ်တာ....ငါဆို သူ ဘာပြောပြော မယုံတော့ဘူး"

"Hyung လည်း သူ့ကို ထားခဲ့နိုင်တာ မဟုတ်ဘဲနဲ့.....ဒါနဲ့ ကျွန်တော့်ကို ဘာပြောစရာရှိလို့လဲ"

"အထွေအထူးမရှိပါဘူး....ငါ နောက်တစ်ပတ် seoul ကို လာမှာလို့ ပြောမလို့"

"သြော...see you next week...hyung"

"See you"

ကျွန်တော်တို့ လျှောက်လည်ပြီးနောက် ၁ ခါသာ တွေ့ဖြစ်သည်။ ကျွန်တော်လည်း အလုပ်လုပ်နေသဖြင့် မအား။ ဘာပဲ ဖြစ်ဖြစ် သူအိမ်ကို ပြန်ကြောင်းတော့ ကျွန်တော့်ကို ပြောပြသင့်ပါသည်လေ။ သိပ်တော့လည်း မထူးဆန်းပါ။ သူက တခါတရံ သည်အတိုင်း......

______________________________

ဒုတိယစာသင်နှစ်။

Japan သို့ကျောင်းပြောင်းတက်ရန် အဖိုးအဖွားများ အစီအစဉ်ကို အသည်းအသန်ငြင်းပြီး...chanyeol ပြန်ရောက်လာသည်။ အကြောင်းပြချက်က ကျွန်တော် အဖော်မရှိမှာစိုး၍ တဲ့။ Wu yifan ၏ဆွဲအားက သာမည် ထင်ပါသည်။

It Isn't Fairy TaleWhere stories live. Discover now