နေ့ရက်တွေက ကျွန်တော့်အတွက်တော့ သိပ်ကိုလှပနေခဲ့သည်။
NiNi ကို မနက်တိုင်း ဖုန်းဆက်နှိုးရသည့် အလုပ်တစ်ခုတိုးလာသည်။ သူက ၁၀ ခါ ၁ ခါ သာ ထပြီး ပြန်ပြန်အိပ်တတ်သော်လည်း တစ်ရက်မပျက်ပဲ သူ့ဆီ ဖုန်းဆက်ခဲ့သည်။ မနက်ခင်းစောစော ချစ်ရသူ၏ အိပ်ချင်မူးတူးအသံသည် ကျွန်တော့်နေ့ရက်အတွက် ခွန်အား မဟုတ်လား။
နေ့စဉ်လိုလို အတူတူရှိနေကြခြင်းတွင် သံယောဇဉ်သည် လိုတာထက် ပိုသည် မပိုသည်.....သူက ထူးဆန်းဟန် မပြခဲ့သလို....ကျွန်တော်ကလည်း သူ့တစ်ယောက်သာ ကမ္ဘာမို့.......
တစ်ခါက chanyeol ကို ကျွန်တော့်အစား သူ့ကို စာရှင်းခိုင်းဖူးသည်။ coffee ဆိုင်မှ ဦးလေးက အရေးပေါ် ပါဆယ် ပို့ပေးရန် ကျွန်တော့်ကို အကူအညီ တောင်း၍ဖြစ်သည်။ သို့သော် ကျွန်တော် ပြန်ရောက်ချိန်တွင် ကြောင်နှင့် ကြွက်က ငြင်းခုံနေသည်။
"Yarrr.... jongin က ငါရှင်းပြတာ နားလည်း မထောင်ဘူး...သူလုပ်ချင်ရာ လုပ်နေတာ...မင်းပဲပြော"
"ဟာ....ငါ နားထောင်ပါတယ် ဆိုနေမှ...မင်းမှ လက်မခံတာ"
"မသိဘူး...မင်းကို ရှင်းပြရတာ အဆင်ကိုမပြေဘူး....ငါကပဲ စကားများနေလို့ သည်းခံ နားထောင်နေရတဲ့ပုံနဲ့...မင်းက sehun နဲ့ပဲလိုက်တယ်"
ထိုအချိန်က စပြီး chanyeol ကို စာရှင်းခိုင်း မရတော့သလို jongin ကလည်း Hun ပြောတာပဲ နားထောင်မယ် တဲ့လေ။
park chanyeol နှင့် kim jongin ဆိုသည်မှာ အမြဲ ရန်ဖြစ်နေတတ်သော်လည်း တစ်ခါတစ်ရံ မထင်ရအောင် စည်းလုံးတတ်မြဲ။ အထူးသဖြင့် ကျွန်တော့်ကို နောက်ပြောင်ချင်သည့် အချိန်မျိုးတွေ။
တစ်ချိန်ချိန် ကျွန်တော် NiNi ဘေးမရှိနိုင်တော့ရင်တောင် chanyeol တော့ ရှိနေမည်မှာ သေချာပါသည်။ park chanyeol သည် oh sehun ၏ အနီးဆုံးသူငယ်ချင်းဖြစ်သလို...
kim jongin အတွက်လည်း ထို့အတူ....______________________________
ကျွန်တော် ရင်ခုန်စွာနှင့် အခန်းရှေ့ရပ်နေမိသည်။
ဒီနေ့ စာမေးပွဲနောက်ဆုံးနေ့။ စာဖြေပြီး၍ လူတွေ့စစ်ဆေးချိန်။ကျွန်တော်က အားလုံး အဆင်ပြေပြေပြီးခဲ့သော်လည်း NiNi ကို စိုးရိမ်၍ သူ့အခန်းရှေ့လာစောင့်နေခြင်းဖြစ်သည်။ ကျွန်တော် သေချာကြိုးစားထားပေး၍ သူဖြေနိုင်မည်ဟု မျှော်လင့်မိသည်။ kim jongin က genius မဟုတ်လား။ သူလုပ်နိုင်မှာပါ။
YOU ARE READING
It Isn't Fairy Tale
Fanfictionနတ်သမီးပုံပြင်တွေမှာပဲ လှပတဲ့အဆုံးသတ်ဆိုတာ ရှိသတဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ပုံပြင်ကရော???? #SeKai #KaiHun #my isolated world