နောက်ရက်တွေမှာ အချိန်မရ ရအောင်ပေးပြီး သူ့ပွဲတွေ ကျွန်တော် သွားကြည့်ဖြစ်သည်။ အာရုံအပြည့် စူးနှစ်ထားပြီး သူ့ခြေတံရှည်တွေနှင့် လှလှပပ ကစားနေဟန်က ပွဲတစ်ခုလုံးရဲ့ ဘုရင်.......
သူ ကျွန်တော့်ကို စကားမပြောသော်လည်း လာမှန်းတော့ သိပါသည်။ ၂ ပွဲ ပြီးမြောက်သော နေ့တွင် ကျွန်တော့်ဆီ ဖုန်းဆက်လာသည်။ ကျွန်တော့်ကို အပြစ်တင်နေမည် မဟုတ်မှန်း သိသော်လည်း သူ့မေးခွန်းကိုတော့ ခန့်မှန်းမထားမိခဲ့......
"Hun....yeol နဲ့အတူ လာကြည့်တဲ့ မိန်းကလေးက ဘယ်သူလဲ"
"သူက yeon soohee တဲ့...ငါတို့အတန်းကပဲလေ...chanyeol နဲ့သိတာ...ငါနဲ့ သိပ်မရင်းနှီးဘူး"
"သြော်"
"ခင်ချင်လို့လား...ငါ ပြောပေးရမလား"
"မဟုတ်ပါဘူး....basketball ကို သိပ်အားပေးတဲ့ ပုံပေါ်လို့.....မေးကြည့်တာပါ"
"အင်း....ဟုတ်မှာပေါ့...မနက်ဖြန်နိုင်ရင် fìnal ရောက်ပြီနော်....Fighting NiNi"
"အင်း....သေချာပေါက် ချန်ပီယံ ဖြစ်ရမှာပေါ့"
အကွက်ကျနေသော ကံတရားကား.....
အနောက်ပြောင် သန်လှသည်။ယင်း semi final ပွဲစဉ်တွင် သူတို့အသင်းနိုင်သော်လည်း jongin ခြေထောက်အနည်းငယ် ထိခိုက်သွားသည်။ အရမ်းမပြင်းထန်ပေမဲ့ နောက်ဆုံးပွဲစဉ်တွင် မပါဝင်နိုင်။ အသင်းအတွက် ဆုံးရှုံးမှု ကြီးမားသလို jongin သည်လည်း......
Final ပွဲစဉ်။
ခြေထောက်တွင် ပတ်တီးဖြူဖြူနှင့် ကွင်းဘေးတွင် ရပ်နေသော jongin သည် ကျွန်တော့်အတွက် ပွဲရလဒ်ထက်ပင် စိုးရိမ်စရာကောင်းနေ၏။ စကားတခွန်းမှ မဆိုဘဲ ရုပ်ထုတစ်ခုအလား.....
နိုင်မှ ဖြစ်မည်။ မနိုင်ခဲ့လျှင် jongin သည် ဖြေဆည်နိုင်မည်မဟုတ်။ သူ ဒီပွဲစဉ်ကို ဘယ်လောက်အလေးထားသလဲ။ ဒါအတွက် သူစွန့်လွှတ်ခဲ့တာတွေ အများကြီး မဟုတ်လား။
ကျွန်တော် စိတ်တွေလှုပ်ရှားနေခဲ့သည်။ ကစားပွဲ တစ်ပွဲတွင် အကောင်းဆုံးကြိုးစားမှုကိုသာ ယှဉ်ပြီး အနိုင်အရှုံးကို ထည့်မတွက်တတ်သော်လည်း ဒီတခါတော့ တကယ် နိုင်မှဖြစ်မည်။ jongin အတွက်.....
ESTÁS LEYENDO
It Isn't Fairy Tale
Fanficနတ်သမီးပုံပြင်တွေမှာပဲ လှပတဲ့အဆုံးသတ်ဆိုတာ ရှိသတဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ပုံပြင်ကရော???? #SeKai #KaiHun #my isolated world