အခန်းပြန်ရောက်တော့ ကုတင်ပေါ် ပစ်လှဲရင်း အိပ်ပစ်လိုက်သည်။ yixing ပြောသလိုပင် အိပ်ပျော်သွားလျှင် ငြိမ်းချမ်းသည်လေ။
ကျွန်တော် အိပ်ယာနိုးတော့ ညနေစောင်းနေပြီး chanyeol က အချိန်ပိုင်း အလုပ်သွားဖို့ ပြင်ဆင်နေသည် ။
"ငါတောင် အခု မင်းကို နှိုးတော့မလို့"
"Jongin ကျောင်းလာသေးလား chanyeol"
Chanyeol က အထူးအဆန်းလို လှမ်းကြည့်သည် ။
"ဟင့်အင်း မလာပါဘူး"
"ငါ ရေချိုးဦးမယ် ခဏစောင့်ဦး"
"အင်း အင်း"
အလုပ်ကပြန်လာသည်အထိ ကျွန်တော့် ဖုန်းလေးက တိတ်ဆိတ်နေဆဲ။ စာမေးပွဲဖြေရန် ၂ လ သာလိုတော့သဖြင့် စာဖတ်ပြီး အိပ်ယာဝင်ခါနီးမှ ဖုန်းဝင်လာသည်။
"Hello"
"Hun"
"အင်း....ပြောလေ"
အတန်ကြာသည်အထိ သူ နှုတ်ဆိတ်နေသည်။ ကျွန်တော်လည်း ဘာမှမပြောဖြစ်။
"ဒီလိုပါ....မနက်တုန်းကလေ....အင်း....ငါ...ငါ ကျောင်းကို တကယ်လာပါတယ်..လမ်းမှာလေ သူငယ်ချင်းတစ်ယောက်နဲ့တွေ့ပြီး အဖော်ခေါ်တာနဲ့...ငါလိုက်သွားဖြစ်တာ"
"......."
"ဖုန်းက အခန်းမှာကျန်ခဲ့တာ...အားကုန်ပြီး စက်ပိတ်သွားတယ်ထင်တယ်....hun စောင့်နေသေးလား..ဟင်"
"မလာတော့ဘူးဆိုလည်း မင်း သူငယ်ချင်း ဖုန်းနဲ့ဖြစ်ဖြစ် ငါ့ကို ဆက်ဖို့သင့်တာပေါ့"
"အဲ.....အဲဒါက"
"ငါ မနက်က မင်းကို မစောင့်ပါဘူး"
"အား....တော်သေးတာပေါ့...မင်း အတန်းပျက်မှာ စိုးရိမ်နေတာ"
"........"
"အင်း.....အဲ hun အိပ်တော့မှာလား"
"မနက်က ငါဘယ်လိုနေမလဲ မင်း တွေးမကြည့့်ဘူးလား"
~ ~ ~
"................သိပါတယ်....missed call တွေ အများကြီးပဲကို...Hun ငါ တကယ် တောင်းပန်ပါတယ် နော်.....မင်းကို စိတ်ပူစေမိတယ်.....နောက်ထပ်မဖြစ်စေရဘူး နော်...စိတ်မဆိုးပါနဲ့"
YOU ARE READING
It Isn't Fairy Tale
Fanfictionနတ်သမီးပုံပြင်တွေမှာပဲ လှပတဲ့အဆုံးသတ်ဆိုတာ ရှိသတဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ပုံပြင်ကရော???? #SeKai #KaiHun #my isolated world