"ဟေး....luhan.... NiNi ဒီနေ့လည်း ပျက်ပြန်ပြီလား"
"အင်း...သူ အတန်းမလာဘူး"
"ဘယ်လာပါ့မလဲ သူ မနေ့ညက....."
မကျေနပ်ဟန် ဝင်ပြောသော minseok စကားအချို့ luhan အကြည့်တစ်ချက်ကြောင့် ရပ်သွားတော့ ကျွန်တော် အားမလိုအားမရ ဖြစ်ရသည်။ NiNi ဘာများဖြစ်လို့ပါလိမ့်။
"မနေ့ညက ဘာဖြစ်လဲ ဆက်ပြောလေ minseok hyung"
minseok hyung ရော luhan hyung ပါ ကျွန်တော့်ထက် လ အနည်းငယ်ကြီးသည်။ စိတ်ပါရင် ပါသလို ကျွန်တော် hyung တပ်ခေါ်ပါသည်။ ကျွန်တော့် မေးခွန်းဆုံးတော့ luhan hyung က သက်ပြင်းချရင်း ဖြေသည်။
"ဘာမှ မဖြစ်ပါဘူး...jongin မနေ့က နည်းနည်းသောက်တယ်....အဲ့ဒါ မနက်ကျ မထနိုင်တာ"
"ဟင်....သူ့မှာ စိတ်ညစ်စရာ ရှိလို့လား"
"စိတ်ပူမနေနဲ့ sehun....သူက ဘာမှမဖြစ်ဘူး.....သောက်ချင်လို့ သောက်တာ....လာပါ အတန်းသွားတက်မယ်...ငါတို့ကို စာရှင်းပြဦး"
Luhan hyung က ခပ်တိုးတိုးဖြေရင်း စကားစဖြတ်သည်။ ကျွန်တော်လည်း အတွေးစ ဖြတ်ခဲ့ပါသည်။ ပြီးမှကိုယ်တိုင် မေးလို့ရသည်ပဲ။
တစ်ညနေလေး နှစ်ယောက်တည်း စကားအတူပြောပြီးနောက် ကျွန်တော်တို့ ခင်မင်မှုက ပိုမိုနက်ရှိုင်းလာခဲ့သည်။ တစ်ချို့ညတွေ သူ ဖုန်းဆက်တတ်သည်။ ရှားပါးသောတစ်ခါတစ်ရံတွင် အတူတူ လမ်းလျှောက်ထွက်ဖြစ်သည်။
သာမာန်ထက်ပိုသော ဆက်ဆံရေးများကို နှစ်ယောက်လုံး မသိချင်ယောင်ဆောင်ထားကြသည်။ လူချင်း မျက်နှာချင်းဆိုင်ဖို့ ခဲယဉ်းသော်လည်း ကျွန်တော်တို့ စိတ်ချင်းနီးနေပါသည်။
______________________________
စာဖတ်ပြီး chanyeol အိပ်ယာဝင်ချိန်တွင် ကျွန်တော် အခန်းဝရံတာဘက် ထွက်လာခဲ့သည်။ ကောင်းကင်ကြီးကို အပြည့်အဝမြင်နိုင်သော နေရာခပ်ကျဉ်းကျဉ်း ကျွန်တော်အိပ်မပျော်လျှင် ထိုင်တတ်သည့်နေရာ။
chanyeol မနိုးစေချင်သောကြောင့် ထွက်လာခဲ့ခြင်းဖြစ်သည်။ အလွတ်ရနေသော နံပါတ်အချို့ကို နှိပ်မိချိန်တိုင်း သာမာန်ထက်မြန်လာသော နှလုံးခုန်သံတွေက နေသားကျနေပြီ။
YOU ARE READING
It Isn't Fairy Tale
Fanfictionနတ်သမီးပုံပြင်တွေမှာပဲ လှပတဲ့အဆုံးသတ်ဆိုတာ ရှိသတဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ပုံပြင်ကရော???? #SeKai #KaiHun #my isolated world