Chanyeol က bus ပေါ်ရောက်သည်အထိ ကျွန်တေ့ာ်ကို မကြည်။ အဲဒီတော့လည်း လေပြေအေးနှင့် ချော့ရပြန်သည်။
"Yeol...ah အိမ်ပြန်ရတာကို မျက်နှာကြီးဆူမထားနဲ့လေကွာ.....နော်..ommoni တို့စိတ်ပူနေမှာပေါ့"
ကျွန်တော်က တမင်ချွဲကာပြောနေသော်လည်း chanyeol မျက်နှာ လန်းမလာ။ သူတကယ် ဝမ်းနည်းနေပုံပဲ ။
"Sorry ပါကွာ...ငါတကယ် စိတ်မကောင်းပါဘူး...ဒါပေမဲ့ wu yifan က စာမေးပွဲကျလို့ စိတ်ညစ်မဲ့သူမှ မဟုတ်ဘဲ....အဲလောက် ခံစားမနေပါနဲ့"
"sehun"
"အင်း"
"ငါတို့ တစ်တန်းထဲ တက်ရတော့မှာ"
"အင်း"
"ငါ......ငါ ရုန်းမထွက်နိုင်မှာ ကြောက်တယ်....ဘာလို့ သူ့ကိုမှလဲ....ငါ မနာကျင်ချင်ဘူး sehun"
chanyeol ၏ မချိတင်ကဲ ရေရွတ်သံတွင် ကျွန်တော် နှစ်သိမ့်ရန် စကားလုံးမရှိ။ chanyeol ရဲ့ အချစ်ကို တားဆီးရမလား....ကျွန်တော် မသိ။
"Yeol...ah"
ကျွန်တော့်မှာ တကယ်ပင် စကားလုံးမရှိပါ။ ကိုယ်ချစ်ရသူ၏ ရှုပ်ပွေမှုများ၊ တန်ဖိုးမထားတတ်မှုများ....ဒါတွေကို ကိုယ်တိုင်သေချာသိလာရင် chanyeol လည်း kris ကို မုန်းသွားနိုင်တာပဲ....နည်းနည်းတော့ ခံစားရမှာပေါ့လေ...
"ဘာပဲဖြစ်ဖြစ်ပါ....ငါ မင်းကို ယုံတယ် yeol...မင်း အကောင်းဆုံးလုပ်နိုင်ပါတယ်"
ဘာမှတော့လည်း မဆိုင်။ ဘာကိုဆိုလိုမှန်းပင် ကိုယ်တိုင်မရေရာ။ chanyeol စိတ်သက်သာရင် တော်ပါပြီလေ။
"sehun...ah မင်းကျ ကံကောင်းတယ်နော်"
"ဘာကို"
"jongin လေ...သူ့ကို ချစ်တယ်မလား"
"ဘာဆိုင်လဲကွာ"
"......"
"သူက ငါ့ကို ချစ်တာမှ မဟုတ်တာ"
"ဟာ....သူက ဘာလို့ မင်းကိုမချစ်ရမှာလဲ...အသိသာ
ကြီးကို""ထင်လို့ပါ.....သူ့မှာ ချစ်သူရှိပါတယ်ဆို....သူက soo jin ကိုပဲ စောင့်နေမှာ"
"ငါတော့ မယုံပါဘူး...ဆယ်ကျော်သက်အရွယ်က အချစ်ဦးကို ဘယ်လောက်ထိစောင့်နိုင်မှာတဲ့လဲ...ချစ်သူလည်း မဟုတ်ဘဲနဲ့"
YOU ARE READING
It Isn't Fairy Tale
Fanfictionနတ်သမီးပုံပြင်တွေမှာပဲ လှပတဲ့အဆုံးသတ်ဆိုတာ ရှိသတဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ပုံပြင်ကရော???? #SeKai #KaiHun #my isolated world